အခန်း(၁)

54K 1.1K 2
                                    

My Younger man (1)

ကျွန်တော့်အသက်က၂၈ ပါ ကျွန်တော်က အသက် ၁၇ ကတည်းက အိမ်ထောင်ကျခဲ့တဲ့ အမျိုးသားတစ်ယောက်ပေါ့ ကျွန်တော်သိပ်ချစ်တဲ့သူမက ကျွန်တော့်ထက် အသက် ၆ နှစ်ကြီးတယ် ဘဝတစ်ခုအချို့အကွေ့ကြောင့် သူမနဲ့ ခိုးပြေးသည်အထိအချစ်ကို ရူးမိုက်ပြီး ပျော်ဖူးခဲ့ကြတယ်။သူမနာမည်က မိုးရိပ်နိုင် တဲ့ ကျွန်တော့်နာမည်ကတော့ ရှိုင်းဝဏ္ဏ ပေါ့
အခုကျွန်တော်တို့မိသားစုလေးမှာ အသက် 9 နှစ်ရွယ်သမီးလေးရှိနေပြီ သူ့နာမည်က နွေးငယ် ,အိမ်ထောင်ရေးကပြေပြေလည်လည်နဲ့ ဘဝရဲ့ဒဏ်တွေကို အလူးအလဲ ခံနိုင်ခဲ့ကြပါတယ် ကျွန်တော်ဟာလည်း ပညာတစ်ပိုင်းတစ်စ နဲ့ သမီးလေးအတွက် ရုန်းကန်ခဲ့ရတယ် ပင်ပင်ပန်းပန်းအလုပ်ကပြန်လာရင် သူမက အချိုသာဆုံးအပြုံးတွေနဲ့ ကြိုဆိုတတ်သလို နွေးငယ် ကလည်း ချစ်စရာကောင်းအောင် ပျော်စရာတွေဖန်တီးပေးတယ်

အသက် ၁၇  နှစ်အရွယ်နဲ့ ကျွန်တော်ဟာ ရူးမိုက်ဖူးခဲ့တယ် မိဘတွေက အမွေပျက်စွန့်ပစ်ခဲ့သည်အထိပေါ့ "မ" နဲ့ သမီးဦးလေး ရလာတဲ့ အချိန်တွေ အတွက် ကျွန်တော်ဟာ မြို့လေးတစ်မြို့ ဈေးတစ်ခုမှာ ဆိုင်ကယ် ကယ်ရီဆွဲခဲ့ဖူးတယ် ။ ပင်ပန်းလို့ပြန်လာတိုင်း  တစ်နှစ်သမီးလေးရဲ့ ပါးဖောင်းဖောင်းလေးတွေကိုနမ်းပြီး အမောဖြေတယ်။အငှားတိုက်ပုသေးသေးလေဟာ ကလေးငိုသံတွေ ရယ်သံတွေနဲ့ ပြည့်နက်နေလျက်ပေါ့။သမီးလေး ငါးနှစ် ပြည့်တဲ့နေ့မှာ ကျောင်းစထားဖို့အတွက် ကျွန်တော်ရော "မ" ရောပါ ခေါင်းချင်းဆိုင်ရန်ဖြစ်ခဲ့ကြရတယ် အကြောင်းအရင်းက "မ" ကသူပါအလုပ်ထွက်လုပ်မယ်ဆိုတဲ့ကိစ္စပေါ့

"ကျွန်တော် ပညာမတတ်ဘူး မှန်တယ် ကျွန်တော်က အိမ်ထောင်ဦးစီးပါ "မ" ကျွန်တော့် ရဲ့ မိသားစုကို ကျွန်တော် ရှာကျွေးနိုင်တယ် မိခင်တစ်ယောက် က ကလေးနဲ့ပဲနေပေးပါ သမီးလေး စရိတ်တွေ ကျွန်တော် တာဝန်ယူနိုင်ပါတယ်"

"မောင် ရှာကျွေးနိုင်တာကို "မ" သိတယ် "မ" တို့ အိမ်ထောင်သက်တမ်း ၇ နှစ်လုံးမောင်တစ်ယောက်တည်း ပင်ပန်းခဲ့ပြီးပြီ အခု သမီးလေးက လူ့လောက ရဲ့ ဖြစ်တည်မှုကို ဝင်ရောက်ဖို့အချိန်တန်ပြီ သမီးလေးအတွက် ကျောင်းတတ်ဖို့ လူတောတိုးဖို့တွေက မောင်တစ်ယောက်တည်းရဲ့ ဝင်ငွေနဲ့ မလောက်ငှတော့ဘူး "

ကိုကို့ရဲ့မောင်(Complete)Where stories live. Discover now