အခန်း(၂)

16.7K 860 13
                                    

My Younger Man(2)

သမီးလေးက စာအရမ်းကြိုးစားခဲ့တဲ့ လိမ္မာတဲ့ ကလေးတစ်ယောက်ပေါ့ အရင်နှစ်အတွက် ဆုယူဖို့အထိ သမီးလေးက ထူးချွန်လာတယ်

"ဖေဖေ မေမေ သမီး ဆုယူရင် လာရမယ်နော် ပြီးရင် ဓာတ်ပုံတွေလည်း တူတူ ရိုက်ကြမယ် ပျော်စရာကြီး ဖေဖေ သမီးတော်တယ်မလား"

"ဖေ့ဖေ့သမီးက သမီးမေမေနဲ့တူလို့ လေ အရမ်းတော်တာပဲ မွ သမီးလေးဘာလိုချင်လဲ ဖေဖေ ဝယ်ပေးမယ် "

ကျွန်တော့်ပေါင်ပေါ်မှာ ထိုင်နေတဲ့ သမီးလေးကို တစ်ချက်နမ်းပြီးမေးတော့ သမီးလေးငခေါင်းခါပြသည်။"မ" က

"မောင်က သမီးလေးအတွက်ဘာများဝယ်ပေးနိုင်မှာလဲ သမီးလေးကို ကြည့်ပါဦး မောင့်ဆီက ဘာမှမတောင်းဆို ရဲ့လောက်အောင် သိတတ်နေတဲ့ သမီးလေး မောင် ကလေ ငွေရှာတဲ့နေရာမှာ သိပ်ညံ့တာပဲ မောင်ကမိသားစုရဲ့ အိမ်ထောင်ဦးစီး ဆိုတဲ့နာမည်ကိုခံယူပြီး မောင်တာဝန်မကျေဘူး သမီးလေးအခု ဆုတတ်ယူမယ် မောင်နဲ့ "မ" ပွဲတတ်ဖို့ သမီးလေးဆုတတ်ယူဖို့ အဝတ်အစားဖို့ မောင်ရှာပြီးပြီလား"

"မ" ရဲ့ရိုက်ချက်တွေကပြင်းထန်လို့လား ကျွန်တော်ကပဲ အခြေမခိုင်လို့လား လဲကျသွားတဲ့ကျွန်တော့်ရဲ့ ပျော်ရွင်မှုတွေ "မ" ပြောသလိုပဲ ငွေရှာတဲ့နေရာမှာ ကျွန်တော်က သိပ်ညံ့ဖျင်းတာ ဝန်ခံပါတယ်လေ

"အခုသမီးလေးပွဲ ကို မောင်မတတ်နဲ့"

"သမီးလေးဆုယူမှာလေ "မ" ရဲ့ ကျွန်‌တော်ရောမရောမတတ်ရင် သမီးလေးမျက်နှာငယ်နေမှာပေါ့ ကျွန်တော် အာကာ ဆီကဝတ်စုံငှားမယ်ကွာ "မ" နဲ့သမီးလေးအတွက် စုထားတဲ့ပိုက်ဆံတွေနဲ့ ကျွန်တော် ဆင်ပေးနိုင်ပါတယ် နော်သမီးလေး"

လက်ထဲက သမီးလေးကို ကျွန်တော်က ဂုဏ်ယူစွာနဲ့ပြုံးပြီးပြောလိုက်တယ် နှလုံးသားက ငိုကြွေးနေတာတော့ ဘယ်သူမှမကြားလောက်ပါဘူး

"မောင့်ပုံစံနဲ့ ကျွန်မနဲ့ သမီးလေးကို အရှက်လိုက်မခွဲပါနဲ့မောင်ရယ် ဆီချေးတတ်ပြီးချွတ်မရဖြစ် နေတဲ့ မောင့်ရဲ့လက်သည်းခွံ တွေ နေရောင်ကြောင့် နီရဲနေတဲ့ မောင့်ရဲ့အသားအရည်တွေ အမြဲတန်းပုစွန်နံ့ ငါးနံ့တွေ နံနေတဲ့ မောင့်ရဲ့ ကိုယ်နံ့တွေနဲ့ သမီးလေးကို အရှက်ခွဲမလို့လား"

ကိုကို့ရဲ့မောင်(Complete)Where stories live. Discover now