အခန်း(၆)

10.6K 683 19
                                    

My Younger Man(6)

"ဝင်းထက် အဲ့လောက်ထိမလိုဘူးလေ"

"အကိုကလည်းဗျာ ကျွန်တော်ပြောတယ်လေ ဒဏ်ဆောင်ရရင် အလုပ်တွေ ရှုပ်နေမှာစိုးလို့ပါ ပြီးတော့ အကို့နှုတ်ခမ်းကို ကျွန်တော်နမ်းမယ်လို့ အကိုတွေးလိုက်တာလား"

"ဝင်းထက် မင်းဘာစကားပြောတာလဲ ငါကလေးတစ်ယောက်အဖေဆိုတာ မင်းမသိဘူးလား ဟမ် "

ကားမောင်းနေတဲ့ ဝင်းထက် က ကျွန်တော့်ကိုတစ်ချက်ကြည့်ပြီး ကားအရှိန်ကို လျော့ကာ လူရှင်းတဲ့ လမ်းကြားတစ်ခုမှာ ကွေ့ပြီး စက်သပ်လိုက်သည်။

"ဘာလို့ ကားကိုရပ်လိုက်တာလဲ ဝင်းထက်"

"ကျွန်တော် အကို့ကိုချစ်တယ်"

မထင်မှတ်ထားတဲ့စကားမျိုးကို ဒီကောင်လေးဆီက ကြားရတဲ့အခါ စော်ကားခံရသလို ခံစားမိတယ်။အခုချိန်မှာ ကျွန်တော်က လူကြီးတစ်ယောက် သူ့ရဲ့အလုပ်ရှင် သူကယောက်ျားတစ်ယောက် ကျွန်တော်ကလည်းယောက်ျားတစ်ယောက် ဒီလို အခြေအနေမျိုးမှာ သူဘယ်လိုများပြောနိုင်ရသလဲ တွေးလို့မရဘူး အတူအလုပ်တွဲလုပ်လာတာ ၇နှစ်ဝန်းကျင်ရှိနေပြီ သူ့ဘာကြောင့် ဒီစကားကိုပြောရဲရတာလဲ ကျွန်တော့်ဘက်က ခင်မင်မှုမျိုးကို သူဘယ်လို သတ်မှတ်ခဲ့တာလဲ

"ရုံးကိုမောင်း ကားစက်နိုးလိုက်တော့ ဝင်းထက်"

"အကို လက်မခံနိုင်တာသိပါတယ် ဒါပေမဲ့ ကျွန်တော် အကို့သမီးလေးကို အကိုနဲ့တန်းတူချစ်ပေးနိုင်ပါတယ် ဟိုး ၁၁နှစ်ကလေးဘဝတည်းက ကျွန်တော်ထိန်းကျောင်းလာတဲ့ ကလေးတစ်ယောက်ပါ အကို ကျွန်တော့် အချစ်က  လွယ်လွယ်နဲ့ဖြစ်လာခဲ့တာမဟုတ်ဘူး"

"မင်းငါ့အနားမှာ အကြာကြီးနေခဲ့ဖူးတယ်မဟုတ်လား ငါဘာပြောခဲ့လဲ ငါ့အချစ်တွေက ငါ့သမီးလေးပေါ်မှာပဲရှိတော့တာ ငါ့ဘဝထဲ အချစ်ဆိုတဲ့ အရာက နောက်ဘယ်တော့မှ ရှိလာတော့မှာ မဟုတ်ဘူး လို့ ငါအမြဲပြောခဲ့တယ် ငါ့သမီးအတွက် မိထွေးဆိုတာရှိမလာစေရဘူး အငယ်အနှောင်းတွေဆိုတာ ငါ့တစ်သက်မစဉ်းစားနိုင်ဘူး အခုမင်းသိဖို့ ထက်သတိပေးလိုက်မယ် ငါနဲ့မင်းက ဘယ်တော့မှ ဖြစ်လာနိုင် မှာမဟုတ်ဘူး"

ကိုကို့ရဲ့မောင်(Complete)Where stories live. Discover now