အခန်း(၈)

9.7K 599 16
                                    

ယောင်လည်လည်နဲ့ နှစ်ယောက်သား ဘာစကားမှမဆိုမိချေ  တစ်ယောက်ကို တစ်ယောက်လဲမကြည့်ဘူး ဝင်းထက် ဆိုရင်ပိုဆိုး ကုတင်ရဲ့ ထောင့်အစွန်းမှာ ကွေးကွေးလေး အိပ်နေရှာတာ တကယ်ကို အရှက်သည်းပိုနေတာလား

"မင်းက အဲ့လောက်ကြီး ရှက်ပြမနေနဲ့လေ ငါရှက်ဖို့လည်းထားပါဦး အမှန်ဆို ငါက ပိုရှက်နေသင့်တာမလား မတရားလိုက် ဝင်းထက် ရာ"

"ဟို ......ဟို......ကျွန်တော် ကျွန်တော် နည်းနည်း ရှောခ့် ဖြစ်သွားလို့ပါ အကို အင်း "

ကျွန်တော့်အသံကြားတော့ ချက်ချင်း ငုတ်တုတ်ထထိုင်တဲ့ကောင်လေး ကျွန်တော် က ပတ်လက်အနေအထားနဲ့  လက်ဖဝါးနှစ်ဖက်ကို ခေါင်းဦးပြီး ခြေထောက်ချိတ်ကာ သူကို မျက်စိဆွေ ကြည့်လိုက်သည်။သူစကားပြောသည့်ပုံစံက သူ့ရဲ့ ဂုတ်ပိုးကို ပွတ်ပြီးပြောနေပုံက သူတကယ်ကို စိတ်မသက်မသာပုံပဲ

"ယောက်ျားအချင်းချင်းပဲ ကွာ မင်းလဲ ဒါ ငါလည်းဒါပဲ  ဆိုဒ်မတူတာလောက်ပဲကိုကွာ  ငါက ကလေးတစ်ယောက်အဖေဆိုတော့ မင်းထက်ဆိုဒ်ပိုကြီးတော့ မင်းရှောခ်ရသွားတာနေမှာပါ"

ကျွန်တော် စနောက်ပြီး ကောင်လေးစိတ်သက်သာရာ ရာရအောင်ပြောပေမဲ့ ကျွန်တော်နည်းနည်းရှက်နေမိတာ ဝန်ခံပါတယ် ဒါပေမဲ့လည်း ယောက်ျားအချင်းချင်းမို့ ကျွန်တော် ပိုပိုလိုလိုတွေ မတွေးမိတော့

"အကိုကနောက်တယ်ဗျာ အကိုက ကျွန်တော့်ဆိုဒ်ထက်ကြီးနေမယ်ထင်လား ဟားး "

"ငါအိပ်တော့မယ်"

စောင်ကို ဖြန့်ပြီး သူ့ကိုကျောခိုင်းကာ ကျွန်တော်မသိချင်ယောင်သာဆောင်လိုက်သည်။ဒါလာ ရှက်တတ်တဲ့ လူပျိုလေး ခုနက သူမဟုတ်သလိုနဲ့ လူကြီးကိုလာယှဉ်နေတယ် သောက်ကလေး

"အကို ကျွန်တော် မနေ့က ပြောတဲ့စကားကို မကြားခဲ့သလိုမျိုး ဘာလို့ ပုံမှန်အတိုင်းနေနိုင်ရတာလဲ အမှန်တကယ်ဆို ကျွန်တော်တို့ အတူရှိနေတဲ့အကြောင်းအရင်းတိုင်းမှာ ကျွန်တော့်ဘက်က အကို့အပေါ်မရိုးသားဘူးလေ အိပ်နေပြီလား ......အင်း Good night ကိုကို မောင် ကကိုကို့ ကို သိပ်ချစ်တာတော့ ယုံနော်"

ကိုကို့ရဲ့မောင်(Complete)Where stories live. Discover now