အခန်း (၁၂)🔞🔞

14.8K 550 5
                                    


)Warning+++(

Tower ပတ်ပြီး အခန်းပြင်ထွက်လာတော့ အကို့ ကိုမတွေ့ရ စိတ်ပူသွားပေမဲ့ အဝတ်အစားကို အမြန်လဲဝတ်ကာ တံခါးကိုသွားဖွင့်ကြည့်တော့ အတွင်းလော့ခ်ချထားသည်မို့ အကို အပြင်မထွက်မှန်းရိပ်မိသည်။ဝရံတာ မှန်တံခါးက လိုက်ကာချထားသည်မို့ အကို့ရုတ်တရက်မကြည့်လိုက်မိတာထင်တယ် ဝရံမှာရပ်နေတဲ့ အကို့ကို ပွေ့ချီပြီး စားပွဲပေါ်တင်လိုက်တော့ ကျွန်တော့်ကိုစိုက်ကြည့်နေရှာသည်။ခင်ဗျားအမြဲငိုနေတော့တာပဲဗျာ။

"ငါ့ဘဝမှာ ပျော်ရွှင်စရာတွေ ရှိလာတိုင်း နောက်ဆုံးနာကျင်မှုတွေနဲ့ အဆုံးသတ်ခဲ့ရတယ် ငါပျော်မယ်ကြံရင် နောက်ဆုံးငါက အရူးလိုပဲ

"မ"နဲ့ ငါကွာရှင်းခဲ့တုန်းငါတစ်ခါမှမငိုခဲ့ဘူး
ငါ့စိတ်ကိုငါအတတ်နိုင်ဆုံးတင်းထားခဲ့တယ် ငါ့သမီးလေးအတွက်ပေါ့ နွေးငယ် ရဲ့ မျက်နှာလေးမြင်တိုင်း "မ" ကိုသတိရတယ်
ငါတောင်သတိရနေခဲ့ တာ ငါ့သမီးရော ငိုနေမလား "မ" ကိုလွမ်းနေမလား အဖော်မဲ့နေမလား ငါအမြဲတွေးပူခဲ့တယ် သမီးလေးကို ပေးနိုင်သလောက်အချစ်တွေပေးခဲ့တယ် *sob* ငါသိပါတယ် တစ်နေ့ မင်းနဲ့သမီးလေးက နီးစပ်လာလိမ့်မယ်လို့ ငါသိခဲ့ပါတယ် မင်းကငါ့ကို လိမ်ခဲ့တယ် သဘောကျခဲ့တယ် ချစ်တယ်ဆိုတဲ့ မုသားတွေနဲ့ ငါ့ရဲ့စိတ်ကိုဖျက်ဆီးခဲ့တယ်

ငါ....ငါမင်းကို ချစ်မိခဲ့တာတောင် ငါအမှားမှန်းသိလို့ ငါမင်းကို မနာကျင်စေချင်လို့ မင်းကိုအ‌ဝေးရောက်အောင် တွန်းပို့ခဲ့တယ် ငါ့ဘက်ကဖြူဖြူစင်စင်နဲ့ပဲ မင်းမို့လုပ်ရပ်တယ် ဟားးး မင်းကွာ ငါဘာအပြစ်တွေရှိလဲ ငါပဲပေးဆပ်မယ် ငါ့သမီးလေးကို မရက်စက်ပါနဲ့ သမီးလေးက အခုမှ ငယ်ငယ်လေးပဲရှိသေးတာ စိတ်ဒဏ်ရာတွေ မပေးပါနဲ့ ဝင်းထက် *sob* ငါ့ကိုပဲမုန်းပါ သမီးကိုတော့ ကျေးဇူးပြုပြီးမလှည့်စားပါနဲ့ "

ကျွန်တော် အမေ လည်း ကျွန်တော့်ကိုသိပ်ချစ်ခဲ့တာ သူလည်းငိုယိုပြီး မိုးရိပ်နိုင် ကိုတောင်းပန်ခဲ့ဖူးတယ် သူလည်း ခံစားခဲ့ရတာ ခင်ဗျားတို့အလှည့်ကျ ထိခိုက်လွယ်လိုက်ကြတာဗျာ

"အပေးအယူလုပ်ကြမယ်"

"ဟမ်"

"ဒီည ကျွန်တော် စိတ်ကြိုက်ခင်ဗျား ခန္ဓာကိုယ်ကို ယူမယ် ဒါဆိုရင် နွေးငယ် ကိုကျွန်တော်မလှည့်စားတော့ဘူး သူကကျွန်တော့်ကို အရမ်းတွေ ချစ်နေတာ ခင်ဗျားလည်းသိမှာပါ အဲ့တော့ ကျွန်တော်ချစ်နိုင်အောင်ကြိုးစားမယ် နောက်ဆုံးသူနဲ့လက်ထပ်ပြီးအေးဆေး နေမယ် ဘယ်လိုလဲ"

ကိုကို့ရဲ့မောင်(Complete)Where stories live. Discover now