Part (6)

82 9 0
                                    

သူ လေးငယ်ဆီဖုန်းခေါ်လိုက်သည်။ သုံးခါမြောက်အထိ ဖုန်းမကိုင်။ အိမ်သွားလည်း သူမအမေတွေမရှိတော့ စစ်ကူမရှိ။ ကိုယ့်အိမ်မှာပြောပြရင်တော့ သူမက ဇာတ်စုံခင်းလိုက်ရင် သူပဲနာမှာ။ သူဘာလုပ်ရမှန်းမသိ။
ဒီအချိန်အိမ်မှာ မရီးတစ်ယောက်ပဲ ကျန်နေမှာ။ သင်္ကြန်နားနီးလို့ အလုပ်ကိစ္စတွေ လက်စသတ်နေရလို့ အကုန်လုံး ရုံးရောက်နေလောက်ပြီ။ မရီးက တစ်အိမ်လုံး အလုပ်များပြီဆို သူကမီးဖိုချောင်မှာ စီစဉ်ပြီးမှ အလုပ်ထဲ အစားအသောက်တွေနဲ့ လိုက်သွားတတ်တာ။ သူမမှ သေချာမလုပ်ပေးရင် ထမင်းလွတ်အောင် အလုပ်လောဘကြီးသူတွေချည်းသာ။
သူ မီးဖိုခန်းထဲ ဝင်သွားလိုက်သည်။ ထင်သည့်အတိုင်းပင် 'မိုးတိမ်လွှာ' တစ်ယောက် ခုထိမီးဖိုခန်းထဲမှာ။

"မမ!"

"ဪ ... နိုးပြီလား ကာလနဂါးလေး"

"အဟီး ... နိုးပြီ။ ခုမှ ဆယ်နာရီပဲရှိသေးတယ်"

"အယ် ... စောသေးတာပဲနော်။ ပြန်အိပ်ပါလား?"

"မနောက်ပါနဲ့ဗျာ"

"ဘာဖြစ်လို့လဲ? ညက ပြန်လာပြီး အခန်းအောင်းနေတယ်လို့ နင့်အစ်ကိုကတောင် ပြောနေသေးတယ်"

"လေးငယ်က စိတ်ဆိုးသွားလို့"

"ညက သွားကြိုတော့ ဘာဖြစ်ကြပြန်ပြီလဲ? ဒီလိုပဲ ရန်ဖြစ်နေကျကို"

သူက ဟင်းချက်နေတဲ့ မိုးတိမ်လွှာအနားကို သွားလိုက်ပြီး

"ဟိုလေ ... မမကိုပဲ အကူအညီတောင်းရမှာ။ ခုကိစ္စက ကျွန်တော်နည်းနည်းလွန်သွားလို့"

သူက ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်သည်။ မိုးတိမ်လွှာ အံ့ဩနေတဲ့မျက်နှာနဲ့ သူ့ကို လှည့်ကြည့်လာသည်။

"ဟာ ... မမ ... အဲဒီလိုမကြည့်နဲ့လေ။ ကျွန်တော်က ရန်မဖြစ်ချင်လို့ ဒီအတိုင်း ရှင်းလိုက်မိတာ။ ဘာစိတ်မှမရှိဘူး။ ပြီးတော့ သီဟဆိုတဲ့ကောင်က လေးငယ်ကို Second year လောက်ကတည်းက ကပ်နေတာ၊ လေးငယ်က မပါလို့။ ကျွန်တော်နဲ့လည်း ခဏခဏငြိနေတာ"

"အေး ... အဲဒါ။ နင် အနိုင်လိုချင်တာနဲ့ပါ ရောပြီး လေးငယ်လေးကို အဲ့လိုမလုပ်သင့်ဘူးလေ။ နင်က စောင့်ရှောက်ပေးရမှာကို အခု နင်ကိုယ်တိုင်က အခွင့်ကောင်းယူတယ်လို့ လေးငယ်မတွေးမိရင်တော့ အကောင်းဆုံးပဲ"

ဧကရီ သူမWhere stories live. Discover now