Merak | FIRST [UNICODE]

141 23 0
                                    

Merak (Serbian)


A sense of oneness with the universe derived from the simplest of the pleasures


===


Merak (ဆာဘီးယန်း)


အရိုးရှင်းဆုံးသော ပျော်ရွှင်မှုများမှ ဖြစ်ပေါ်လာသော စကြဝဠာတစ်ခုလုံးနှင့် တစ်သားတည်းဖြစ်နေသည့် ခံစားချက်။


________________________________________


ပထမဆုံးအကြိမ်အဖြစ် အခန်းဖော်တစ်ယောက်နှင့် နေရမည့်အိမ်ကို ကိုယ်တွေ့တွေ့ရခြင်း ဖြစ်သော်လည်း မြင်မြင်ချင်း Chanyeol သဘောကျသွားမိသည်။


Jongdae ပို့လိုက်သည့် ဓာတ်ပုံတွေထဲမှာ မြင်ခဲ့ရသည့် ရွှေရောင်ကနုတ်တွေထွင်းထားသော နံရံကပ်စက္ကူ၏ ကြက်သွေးရောင်နှင့် ပေါလစ်တိုက်ထားသော ကြမ်းခင်း၏ မဟော်ဂနီအရောင်ကို သူအပြင်လက်တွေ့မှာ မြင်လိုက်ရတော့ အတော်ကျေနပ်သွားသည်ပင်။Chanyeol ကြိုက်သည့် အင်္ဂလိပ်ဆန်တဲ့ တိုက်ခန်းမျိုးရဖို့ တော်တော်ကိုမလွယ်တာ။ ဒီတစ်ခေါက်တော့ သူ့သူငယ်ချင်းကို ယုံလိုက်တာ မှန်သွားပြီ။


"Park Chanyeol ထင်တယ်"


မေးခွန်းက သူ့ရှေ့တည့်တည့်က မီးဖိုချောင်ထဲမှ ထွက်လာသည့် ကောင်လေးဆီမှ ဖြစ်သည်။ ဒီနေရာမှာ အနေကြာပုံနှင့် ကိုရီးယားစကားကတောင် ဝဲချင်ချင်။ အသားဖြူဖြူ၊ ဆံပင်နက်နက်နှင့် အပြုံးနုနုကို ဆင်ထားသောသူက ရေစိုလက်ကို အဝတ်ဖြူတစ်စနှင့် သုတ်နေသည်။


"မင်းရဲ့အခန်းဖော်က မျက်မမြင် ပန်းချီဆရာ။ ကိုးရီးယားလူမျိုးပဲ။ မင်းနဲ့လည်း အသက်သိပ်မကွာလောက်ဘူး။ ယဉ်ယဉ်ကျေးကျေးပါပဲ... မင်းနဲ့ကိုက်မှာပါ"


သူ့ကို ဖုန်းထဲကတစ်ဆင့် အသိပေးနေသော Jongdae ရဲ့အသံကို ကြားယောင်မိသည်။ Chanyeol ချက်ချင်း ခါးညွတ်နှုတ်ဆက်လိုက်မိသည်။

Merak [CHANBAEK/BAEKYEOL]Onde histórias criam vida. Descubra agora