3

21 6 0
                                    


ကုတင်ပေါ်မှာဟိုလိမ့်ဒီလှိမ့်နဲ့‌
အချိန်တွေတဖြည်းဖြည်းကုန်ဆုံးလာတယ်။

မျက်လုံးတွေက လေးလံနေပေမဲ့
အတွေးတွေကတော့ ရှုပ်‌ထွေး နေတယ်။

ပြတင်းပေါက်အပြင်ဘက်က အမှောင်ထုကြီးကလဲ ကိုယ့်ကို လှမ်းခေါ်နေသလိုပဲ..။

မမြင်နိုင်တဲ့အမှောင်ထုကြီးထဲမှာ တစ်ယောက်ယောက်က ကိုယ့်ကိုစိုက်ကြည့်နေသလိုခံစားရတယ်။

အခန်းထဲမှာ ကိုယ်တစ်ယောက်ထဲပဲ ဒါပေမဲ့ နောက်ကျောမလုံသလိုခံစားရပြန်တယ်။

အမှောင်ထုကလဲ တဖြည်းဖြည်းကြီးစိုးလာတယ်။

အခန်းထဲအလင်းဆိုတော့ ဘေးက ဖုန်း screen က အလင်းလေးပဲရှိတယ်။

တိတ်ဆိတ် နေတယ်လို့ထင်ရပေမဲ့
နာရီလက်တံတွေကထွက်နေတဲ့ ချက် ချက်ဆိုတဲ့အသံ။ အပြင်က ငှက်ဆိုးတွေရဲ့အော်သံ
လမ်းထဲကခွေးတွေအူနေတဲ့အသံတွေ ကြောက်ဖို့ကောင်းနေတယ်.။

အသံတွေ......
အသံတွေကအရမ်းကြောက်ဖို့ကောင်းတယ်။
ငါပဲ အရမ်းအတွေးလွန်နေတာများလား။
အသံတွေ ထပ်ကြားရပြန်ပြီ....

ကိုယ့်အနားတစ်ယောက်ယောက်လာစ‌ကားပြောနေသလိုပဲ။ ငါမမြင်နိုင်တဲ့တစ်ယောက်ယောက်များလား။

အရမ်းကြောက်တယ်
သေလောက်အောင်ကြောက်တယ်။

တဖြည်းဖြည်းနဲ့ အသက်ရှူရတာမ၀တော့ဘူး
မွန်းကြပ်လာပြီ...ကယ်တင်ပေးကြပါ
ငါ့ကိုဒီအမှောင်ထုထဲက ကယ်တင်ပေးကြပါ...။
အမှောင်ထုဟုတ်တယ် ငါရဲ့....အမှောင်ထု...

Save me from myself, Don't Let me drown.....

#Reno

NyctophiliaWhere stories live. Discover now