Chapter:1

550 28 1
                                    



    ကားထဲ၌ကောင်လေးခုနှစ်ယောက်၏တစ်ယောက်တစ်ပေါက်သီချင်းဆိုသံများဖြင့် ဆူညံလျက်.....
    ခုနှစ်ယောက်လုံး သွေးမတော်သားမစပ်ကြီးပင်

         သူတို့အားလုံး ခွင့်တပတ်ယူကာ ခရီးထွက်လာခဲ့ခြင်းဖြစ်၏ အကုန်လုံး ခရီးစုမထွက်ရတာကြာပြီဖြစ်သောကြောင့်  namjoonအဖေ ဝယ်ထားတာမကြာသေးတဲ့အိမ်ကို အကုန်လုံးအပန်းဖြေထွက်လာကြခြင်း.....

" ကဲ ရောက်ပြီ   အထုပ်တွေချ " namjoonမှာ ဦးဆောင်ပြီးကားပေါ်မှဆင်းသွားသည် အမှန်တော့ သူလဲဒီအိမ်ကိုခုမှရောက်ဖူးတာ သူ့အဖေ ဝယ်ထားတာလဲတစ်လလောက်ပဲရှိသေးသည်  တပတ်တခါမှ သန့်ရှင်းရေးလုပ်တဲ့အဒေါ်ကြီးနှစ်ယောက်လာလေ့ရှိသည် ဟု အဖေကပြောထားသည်
hoseok Jimin taehyung နဲ့ jungkookတို့က ကားပေါ်မှာအိပ်လာကြပြီမို့ အားတွေပြည့်နေကာ ကဲဖို့အသင့်ဖြစ်နေသည်  ထို့ကြောင့် တက်ကြွစွာ ကော့တော့ကော့တော့နှင့် ပစ္စည်းတွေချနေသည့် namjoonကိုသွားကူနေသည်
  jinနဲ့ yoongi မှာတော့ ကားကိုတယောက်တလှည့်မအိပ်ပဲမောင်းလာရသည်ကြောင့် သူတို့လောက်မတတ်ကြွနိုင် ရေမိုးချိုးပြီးအိပ်ဖို့သာအတာဆူနေ၏

အိမ်က လူသူရှင်းတဲ့နေရာမှာဆောက်ထားတာဖြစ်လို့ အေးအေးဆေးဆေးအနားယူလို့ရသည်  အိမ်နောက်ပေနှစ်ဆယ်ကျော်လှမ်းလှမ်းလောက်မှာ တောအုပ်ကြီးတအုပ်လဲရှိသည့်အတွက်ကြောင့် တကယ်ကိုစိမ်းလန်းသာယာသည် ခြံကလဲအကျယ်ကြီးမို့လို့သူတို့ပျော်ပျော်ကြီးအပန်းဖြေလို့ရတယ် ရေကူးကန်လဲရှိသည်မို့ Kim Taehyungတို့အကြိုက်ပေါ့

သူတို့ အိမ်မကြီးတံခါးကိုဖွင့်ပြီးဝင်လာလိုက်သည် ဆောင်းရာသီရဲ့ညနေခင်းဆိုတော့ကာ အပြင်မှာလဲရာသီဥတုက အေးစိမ့်စိမ့်နှင့်ပင် ......
သို့သော်    အိမ်ထဲဝင်လိုက်လျှင်အနည်းငယ်နွေးသွားရမည့်ဟာကို ရိုးတွင်းချဉ်စီထိပါစိမ့်နေအောင် အေးခနဲဖြစ်သွားသောခံစားချက်နဲ့အတူ ကျက်သီးမွှေးညှင်းတွေပါထောင်တတ်လာရသည်

ထိုခံစားချက်က တယောက်တည်းမှာ ခံစားလိုက်ရတာမဟုတ်ဘဲ ခုနှစ်ယောက်လုံး ခံစားလိုက်ရခြင်းဖြစ်သည် သို့သော် လက်ထဲ၌ အိတ်ကြီးအိတ်ငယ်ဆွဲထားရသဖြင့် ထိုကိစ္စအားအထွေအထူး ဘယ်သူမှမတွေးမိကြ  ခက်သွက်သွက်သာ အိမ်ထဲဝင်ပြီး ပစ္စည်းတွေနေရာချနေကြ၏

WHERE IS MY GROOM...? ( Completed )Where stories live. Discover now