Chapter :8

117 19 0
                                    

  သူတို့တွေ့လိုက်ရတဲ့ အရာကတော့ တကယ်ကိုလှပတဲ့အခန်းကြီးတခု

ပန်းရောင်စုံတို့နှင့်ပြည့်နှက်နေတဲ့ မင်္ဂလာဆောင်ခန်းမကြီး

ပန်းနံ့ တွေကလဲ မွှေးအီနေအောင်ကို များပြားလှတယ်

jiminသွားရာနောက်ကိုပဲသူတို့သုံးယောက်လိုက်သွားလိုက်သည်

အခန်းတခုထဲဝင်လာအပြီးမှာတော့

"  taehyung !! Jungkook !! yoongi!! "
ဟူသော စိုးရိမ်မှုအသံများသည် အခန်းလေးအတွင်း ပျံ့နှံ့ လျက်

"မင်း !မင်းဘာလိုချင်တာလဲ ငါတို့ကို အဲ့လောက်ခြောက်လန့်ရတော်ရောပေါ့!!! ငါ့ညီတွေတခုခုဖြစ်ရင် နင်အသေပဲ " seokjin  jiminခန္ဓာကိုယ်တည်းရှိ သရဲမအားလက်ညိုးငေါက်ငေါက်ထိုး၍ကျိန်ဆဲလိုက်သည်

"ဟီးးး ဟီးးး ဟီးးး  ငါ လို ချင် တာ က ခ န နေ ရ တော့ မှာ ကောင် လေး ရဲ့     ရန် တွေ့ တာလေး က လဲ ချစ် စ ရာ လေးး ဟီးးးဟီ ဟီးးးး "

seokjin သေချင်စော်နံသွားသည်
* ဘယ်လိုတောင် နှာဘူးထရတာလဲဟာ *

" ည  12 ထိုး ရင် အ ဆင် သင့် ဖြစ် နေ ပါ စေ !
ဗီ ဒို ထဲ က ဝတ် စုံ တွေ ကို ဝတ် ထား ကြ  မ  ဟုတ် ရင် တော့ ဟင်းးးး ဟင်းးးး "

ကြက်သီးထဖွယ် အသံကြီးနဲ့ခြိမ်းခြောက်သွားတဲ့ ထို လင်တရူးမအား hoseokစိတ်ထဲမှ ကောင်းကောင်းကြီး ကျိန်ဆဲနေလိုက်သည်

jimin ခန္ဓာကိုယ်မှ စွန့်ခွာသွားသော သရဲမကို မြင်လိုက်ရသဖြင့် seokjinတို့သုံးယောက် မျက်စိကိုတင်းတင်းမှိတ်ပြီး ရှိသမျှဘုရားအကုန်တနေရသည်
သို့သော် သူတို့နားရောက်မလာသည်ကြောင့် အရဲစွန့် ကာ မျက်လုံးလေးဖွင့်ကြည့်မိတဲ့ အခါ
လဲကျနေတဲ့ jiminကိုတွေ့လိုက်ရသည်

သူတို့ လဲ သရဲမထွက်သွားတယ်ဆိုတာကို စိတ်ထဲကခံစားမိနေ၍ jiminနားကပ်သွားပြီး

"jiminna jimin! jimin ! " jiminမျက်နှာလေးကို တဖတ်ဖတ်ရိုက်ပြီး နှိုးနေသော hoseok

"ဟင် ဟင် hyung   ဘာ ဘာဖြစ် !! အားးး ကျနော် ကျနော် သရဲမကြီးကိုမြင်လိုက်ရတယ် အီးးးဟီးးဟီးးးး " နိုးလာပြီး  သရဲမြင်တယ်ဟုဆိုကာ ငိုနေတဲ့ jiminကို သူတို့ဝိုင်းဖက်လိုက်ပြီး နှစ်သိမ့်ပေးလိုက်သည်

WHERE IS MY GROOM...? ( Completed )Where stories live. Discover now