Chapter :9 ( final )

227 23 2
                                    

seokjinမှ ကျန်လူများအား " ဟျောင့်တွေ ငါတို့သူပြောခဲ့တဲ့အတိုင်း အဝတ်အစားတွေလဲထားရင်ကောင်းမယ်နော် "

" သူကဘယ်သွားနေတာလဲ ကျနော်တို့ကိုထားခဲ့ပြီးတော့ ဟွန်းး " taehyungမှနှုတ်ခမ်းတလန်ပန်းတလန်ဖြင့် မသိရင် သူ့ရည်းစားအား စိတ်ဆိုးနေသည့်ပုံစံဖြင့်ပြောသည်

" လခွမ်းပဲ Kim Taehyungရေ သရဲမကို မင်းမိန်းမထင်နေလား သတိရနေလဲ သွား လိုက်ရှာ " yoongi၏ ဆဲသံရောနေသည့် စကားများဖြစ်သည်

" hyungကလဲ ကျနော်က သဘောပြောပြတာကို "

" ကဲပါ တော်! တော်!! သူပြောတဲ့ အတိုင်း ဗီဒိုထဲကအဝတ်အစားတွေယူလဲလိုက်ကြမယ် မဟုတ်ရင် လာမှ ဂုတ်ချိုးသတ်နေအုန်းမယ် " namjoon ဝင်ဟန့်လိုက်သည်

***********************

" hyung အဲ့တာကျနော်ဝတ်မယ့်ဟာလေဗျာ တခြားဟာယူ " yoongiသည် ရွေးထားသည့် ဝတ်စုံအားလှမ်းကိုင်လိုက်သဖြင့် ကြက်တူရွေးရန်တွေ့သလို ပြောနေသည့် လူပုရန်လို jimin

yoongiမှာလဲ စကားပြောရမှာတောင်ပျင်းနေသူဖြစ်၍ ဘာမှမပြောပဲပြန်လွှတ်ပေးလိုက်သည်

jiminကတော့ yoongiက သူ့ကြောက်တယ်ဆိုပြီး ချောင်းတဟန့်ဟန့်နှင့် ခေါင်းကြီးမော့ပြီးဘာဖြစ်နေမှန်းကိုမသိ ( ဘဝင်လေဟက်နေခြင်းဖြစ်သည် )

ဘယ်သူ့မှလဲ သူ့ဂရုမစိုက်ကြ ကိုယ့် အဝတ်ကိုယ်ဝတ်နေကြသည်

သူတို့အဝတ်အစားတွေဘာတွေလဲပြီးတော့ 9နာရီပဲရှိသေးသည်

" 9နာရီပဲရှိသေးတယ် ကျနော်တို့ သူလာတာစောင့်မနေဘဲထွက်ပြေးဖို့ ကြိုးစားကြည့်ရအောင် " namjoonမှ လက်ကနာရီကိုကြည့်ရင်းပြောသည်

" မိ မိသွားရင်ရော namjoon "

" သူလာတော့ရော ကျနော်တို့ လွတ်မှာတဲ့လား "

"......... " အားလုံးခေတ္တမျှတိတ်ဆိတ်သွားကြသည်

" ကျနော်တို့လမ်းရှာကြည့်ရအောင် "

" အင်း " အကုန် တက်ညီလက်ညီ တုန့်ပြန်လိုက်သဖြင့် namjoonလဲ ပြုံးသွားသည်

သူတို့ပုံစံက ခု စစ်တိုက်ဖို့ ပြင်ဆင်နေတဲ့ ပုံစံတွေဖြစ်နေသည်ကိုလဲသူတို့သတိမထားမိကြ တခြားသူမြင်လျှင် အိမ်တခါးဖွင့်ပြီးထွက်ပြေးရင်ရနေတာလို့ပြောကောင်းပြောနိုင်ပေမဲ့ အဲ့ဒီလောက်မလွယ်တာကို IQ148 အကိုကြီးကရိပ်စားမိသည်လေ
သူတို့ဘယ်လောက်ကြောက်လန့်နေလဲ သူတို့သာသိနိုင်သည်

WHERE IS MY GROOM...? ( Completed )Where stories live. Discover now