Zawgyi
စောင့်နေရတဲ့တနင်္ဂနွေက သူ့စိတ်ထင်(၁၀) ဘဝလောက်ကြာမယ်ထင်ရဲ့ ဝမ်နဲ့Dateမမည်တဲ့Dateကလေး လုပ်ရမှာမို့အပျော်ကြီးပျော်နေတဲ့ရှောင်းကျန့်ကိုနာရီလက်တံရဲ့စက္ကန့်တွေမိနစ်တွေကခပ်ဖြည်းဖြည်းလေးပဲရွေ့ပေးပြီးတော့
နှိပ်စက်နေတယ်။...တစ်ကယ်တော့၂၈နှစ် မှစချစ်မိတဲ့အချစ်ဦးမို့ လူပျိုကြီးက အချစ်ကြီးပြီး ကဲပိုနေတာပါ၊ ဝမ်ကောင်လေး သူ့အိမ်မှာအိပ်ပြီး အဆောင်ကိုပြန်လိုက်ပို့ခဲ့ရတဲ့နေကတည်းက
တောက်လျှောက်သူတို့ကအဆက်အသွယ်မပြတ်ခဲ့ဘူး။ချော်လဲရောထိုင် လုပ်ရင်းရခဲ့တဲ့ wechat accကနေ ညတိုင်းစကားတွေပြောဖြစ်တယ် ၊ ကျိန်းသေပေါက်... ထမင်းစားပြီးပြီလား? အိပ်တော့မှာလား?ဆိုတဲ့သာမာန်မေးခွန်းတွေပဲဆိုပေမယ့် ၊ဝမ်ငယ်လေး က ဟုတ်ကဲ့ ၊ ပြီးပါပြီ၊ မအိပ်သေးပါဘူးအကို ဆိုတဲ့ချစ်စရာစာတိုလေးတွေပြန်ပို့ပေးတာကြောင့်
အပျော်ကြီးပျော်ပြီးတစ်ကမ္ဘာလုံးကိုအပိုင်ရသယောင်ဖြစ်နေတဲ့ ရှောင်ရှောင်းပို ကြီး ကလုံးဝဆေးမမှီတော့ဘူးတဲ့။📱📱📱📱
"ဝမ်၊ဘာလုပ်နေလဲဟင်"
"အာ.. ကျနော် အိမ်စာလုပ်နေတာ အကို"
"အဲ့လိုလား ၊ အကိုဝမ့်ကိုနှောက်ယှက်မိနေပြီနဲ့တူတယ်။
ဆောရီးနော် အကိုက ဝမ်လေးအားလောက်ပြီထင်လို့""မဟုတ်ပါဘူးဗျာ ကျနော်စာပြီးသွားပါပြီ။ ညနေကျောင်းကပြန်လာထဲက လုပ်နေတာ ၊အခုအားသွားပြီ။
အကို တစ်ခုခုပြောစရာရှိလို့လားဟင်?""ဒီအတိုင်းပါပဲ ၊အကိုလည်းဆိုင်ပိတ်ပြီးသွားတော့လေ ဝမ့်ကို...သတိရလာလို့ "
"....."
"အ..အကိုကလည်း မနောက်ပါနဲ့""နောက်တာမဟုတ်ပါဘူးကွာ ကိုယ်လေတစ်ကယ်ဝမ်လေးကို..သတိရနေတာ"
"........"
သတိရနေတာဆိုတဲ့နေရာမှာအသံကိုတမင်ဖိပြောလိုက်တော့ ငြိမ်သွားတဲ့ဝမ်ငယ်လေးက တစ်ဖက်ခြမ်းမှာ ပါးလေးတွေမသိမသာရဲပီးအနေရခက်နေမှာ သိတော့ ဒီဖက်ကရှောင်းကျန့်မှာ... မြင်ယောင်ပြီးအသည်းတွေယားရတယ် ။
YOU ARE READING
Mi Qureido (My dear)
RomanceUni တစ်ခါတစ်ရံမှာအချစ်က ပါးဖောင်းဖောင်းလေးတွေကနေလည်း ဖြစ်တည်လာနိုင်ပါတယ််တစ်ဖက်လူက ဝမ်ရိပေါ်ဖြစ်နေသရွေ့ပေါ့... Zawgyi တဈခါတဈရံမှာအခစြျက ပါးဖောငျးဖောငျးလေးတှကေနလညျးဖွဈတညျလာနိုငျပါတယျျတဈဖက် လူကဝမျရိပေါျဖွဈနသေရှေ့ပေါ့...