Wang's POV
အချိန်အားဖြင့် ၁၂နာရီကျော်၊သူများအိမ်က အိပ်ယာထဲရောက်နေတဲ့ဝမ်ရိပေါ်က အိပ်ယာအပြောင်းအလဲကြောင့်အိပ်လို့မပျော်ဘူးဖြစ်နေတယ်။
ဟိုလှိမ့်ဒီလှိမ့်နဲ့ အိပ်ပျော်အောင်ကြိုးစားနေရင်းနဲ့ ဒီနေ့တစ်ရက်တာရဲ့ကြုံဆုံခဲ့သမျှကိုပြန်တွေးမိတယ်။
2019. မေလ တတိယအပတ်ရဲ့ တနင်္ဂနွနေ့ ၊ပိတ်ရက်မို့ဘာမှလုပ်စရာမရှိတာကြောင့် အိပ်ရေးဝအောင်အိပ်လိုက်မယ်လို့
ရိပေါ်ကစိတ်ကူးထားတာ၊ဒါမဲ့ဒီနေ့ကသူ့ရဲ့ရှားရှားပါးပါးသူငယ်ချင်းတွေထဲကတစ်ယောက် ဖြစ်တဲ့ ကျိလီ ရဲ့မွေးနေ့ဆိုတာကိုမေ့နေခဲ့တာ ။
အပေါင်းအသင်းမက်တဲ့ ကျိလီ က
မေဂျာတစ်ခုလုံးကခင်သမျှလူအကုန်ခေါ်မှာမို့ရိပေါ်ကသွားကိုသွားရမှာ၊အဲ့အဖြစ်မှန်ကိုသတိမရသေးတဲ့ဝမ်ကအခုထိ အိပ်လို့ကောင်းနေတုန်းဖြစ်နေတယ်။
'Ringtones... '
........
'Ringtones... '
"ဝေ
ဘယ်သူလဲ""အင်း ကျိလီ"
"အာ ဟုတ်သားမင်းမွေးနေ့ပဲ"
"ငါ မမေ့ပါဘူးဟ၊မင်းမနေ့ထဲကပြောနေတာပဲ"
"အင်း အဲ့တာငါလာဖို့ကလေ..."
"ပျင်းလို့မဟုတ်ပါဘူးကွာ ၊ ငါဒီအတိုင်း..အာ မင်း ကျိုးမင်အာ ကိုရောခေါ်ပြီးပြီလား?သူ့ခေါ်လေဟာ ငါကလူများလို့..."
"မလိုက်ဘူးတဲ့လား"
"အေးပါ၊ အေးပါ ငါလာပါ့မယ်။ ဒါနဲ့ခဏပဲနော်ဟျောင့် ငါလူများရင်အဆင်မပြေလို့"
"အင်း၊အင်း"
"ဒါပဲ။"
'Ti'
"ဟူးစိတ်ညစ်လိုက်တာနော်"
ကျိလီနဲ့ဖုန်းပြောပြီးတော့မှသူ့မွေးနေ့မှန်းသတိရတဲ့ရိပေါ်က အစထဲကကျိလီဖုန်းကိုမကိုင်ပဲနေလိုက်ရမှာလို့နောင်တတွေရချင်နေတယ်။
အခုတော့သကောင့်သားလေးကအတင်းခေါ်နေတဲ့သွားရတော့မယ် ၊
ဟိုစာဂျပိုးကောင်ကျိုးမင်အာကလည်းဘယ်ဘဝထဲကမလုပ်လာရမှန်းမသိတဲ့စာတွေကို အခုမှအသည်းအသန်လုပ်နေတာကြောင့်မလာဘူးတဲ့။
YOU ARE READING
Mi Qureido (My dear)
RomanceUni တစ်ခါတစ်ရံမှာအချစ်က ပါးဖောင်းဖောင်းလေးတွေကနေလည်း ဖြစ်တည်လာနိုင်ပါတယ််တစ်ဖက်လူက ဝမ်ရိပေါ်ဖြစ်နေသရွေ့ပေါ့... Zawgyi တဈခါတဈရံမှာအခစြျက ပါးဖောငျးဖောငျးလေးတှကေနလညျးဖွဈတညျလာနိုငျပါတယျျတဈဖက် လူကဝမျရိပေါျဖွဈနသေရှေ့ပေါ့...