Zawgyi
ဒီနေ့ကတစ်ပတ်လုံးစောင့်မျှော်နေရတဲ့ အဲ့ဒီနေ့ပဲ သူနဲ့ဝမ်ကောင်လေးရဲ့dateမမြည်တဲ့
dateလေးလုပ်မယ့်နေ့ .
တနင်္ဂနွေနေ့ဖြစ်ပြီးတော့ရာသီဥုတုကအစ
ကြည်ကြည်လင်လင်နဲ့ရှောင်းကျန့်ဘက်ပါနေတယ်.တစ်ညလုံးလဲသေချာအိပ်မပျော် မနက်ကိုလဲအစောကြီးထပြီး
သေချာပြင်ဆင်နေတဲ့ရှောင်းကျန့်က ဒီနေ့ကိုဘယ်လောက်တောင်မှစောင့်နေခဲ့ရလဲ
အရမ်းသိသာတယ် .
မနက်၅နာရီလောက်ထဲကထပြီးရှာဖွေထားတဲ့ သူ့outfitကိုနောက်တစ်ခေါက်ပြန်ကြည့်ပြီး တစ်ခုခုကလိုနေသယောင်ဖြစ်လာပြန်လို့ ထပ်ရွေးဖို့ပြင်တယ်.ရာသီဥတုနဲ့ကိုက်တယ့် shirt အရောင်နုနုတွေ ဆွယ်တာအပါးလေးတွေ vestတွေ ဂျင်းအပွ၊အတိုအရှည် style pants...
စုံစိနေအောင်ရှာဖွေပြီးတဲ့နောက်တော့
ရိုးရိုးရှင်းရှင်း shirt အဖြူကိုvestအမဲကွက်လေးနဲ့
ဂျင်းအပွအရှည်လေးပဲဝတ်ဖို့ဖြစ်လာတယ်ရုတ်တရက်....ရိုးရှင်းဆုံးကအလှဆုံးပဲဆိုတာရယ်.
'ကျန့်ကျန့်ကအဖြူလေးတွေနဲ့လိုက်တယ်
နောက်ကျချစ်သူလေးနဲ့ဒိတ်ဖြစ်တဲ့အခါ အဖြူရောင်shirtလေးတွေပဲရိုးရိုးရှင်းရှင်းနဲ့ဝတ်သိလား. သားချစ်သူလေးကအရမ်းသဘောကျပြီး မင်းကလွဲပီးဘယ်ကောင်လေးကိုမှထပ်မြင်မှာမဟုတ်လောက်ဘူး' ဆိုပြီးမာမားပြောဖူးတာကိုသတိရသွားလို့လေ.အဲ့တုန်းကတော့ မားကဗျာသားကတစ်ယောက်ထဲပဲအေးအေးဆေးဆေးနေမှာလို့ပြန်ပြောခဲ့ပေမယ့်အခုတော့ တစ်သက်မှာတစ်ခါအနေနဲ့ချစ်ရမယ့်ပေါက်စီလုံးလေးကိုတွေ့ခဲ့ရပြီမို့ မာမားပြောတဲ့အတိုင်းလုပ်ဖို့ဖြစ်လာခဲ့ပြီ.
မားသါရှိရင် ပြောတော့လူပျိုကြီးလုပ်မှာဆိုပြီးခုကျ ချိန်းတွေ့ဖို့လုပ်နေပြီ ဆိုပြီးစနောက်လို့ ဝမ်ငယ်လေးကိုအိမ်ခေါ်လာဖို့ပြောနေလောက်တယ်.
နောက်များချစ်သူတွေဖြစ်ကြလို့ ဝမ်ရိပေါ်ကတော့ဒီကရှောင်းကျန့်အပိုင်ဖြစ်လာတဲ့အခါကျရင် မားဆီခေါ်သွားပြီးအရင်ဆုံးကြွားပစ်ရပါမယ်.
မားရေမကြာတော့ပါဘူးဗျာ.မင်းကကိုယ့်ရှေ့ခြေလှမ်းကလေးတစ်လှမ်း လှမ်းလို့ပြုံးပြရုံပါပဲ ကိုယ်ကတော့မင်္ဂလာဆောင်ဖိတ်စာလေးကို
အစိမ်းနုလေးသုတ်ရပါမယ်လို့ စိတ်ကူးပြီးပြီ...
အချစ်ရေစိတ်ကူးတွေအကောင်အထည်အမြန်ဖော်ချင်လှပါပြီ.အဲ့ခါများကျမင်းကရှက်ပြုံးကလေးနဲ့ခေါင်းလေးအသာငြိမ့်ပေးဖို့လဲမျှော်လင့်မိပါရဲ့ကွယ်...
YOU ARE READING
Mi Qureido (My dear)
Roman d'amourUni တစ်ခါတစ်ရံမှာအချစ်က ပါးဖောင်းဖောင်းလေးတွေကနေလည်း ဖြစ်တည်လာနိုင်ပါတယ််တစ်ဖက်လူက ဝမ်ရိပေါ်ဖြစ်နေသရွေ့ပေါ့... Zawgyi တဈခါတဈရံမှာအခစြျက ပါးဖောငျးဖောငျးလေးတှကေနလညျးဖွဈတညျလာနိုငျပါတယျျတဈဖက် လူကဝမျရိပေါျဖွဈနသေရှေ့ပေါ့...