2019.5.18.
ဒီနေ့က စနေနေ့ ရက်သတ္တပတ်ရဲ့၆ရက်မြောက်နေ့
အရာရာကပုံမှန်ဘဲလည်ပတ်နေပေမယ့်၊ပုံမှန်မဟုတ်တာက ရှောင်းကျန့်ရဲ့နှလုံးသားလေး
ဝမ်မိုချီလေးနဲ့မတွေ့ရတာ၅ရက်ကြာပြီးတဲ့နောက်မှာ
မနက်တိုင်းထွက်နေကြနေမင်းကြီးကတောင်အမြင်ကပ်ဖွယ်ဖြစ်နေပြီ။ပန်းအိုးထိုးထားတဲ့မေလရဲ့ကိုယ်စားပြုပန်းတွေဖြစ်တဲ့lily of the valley တွေကလည်းပိုဖြူဖျော့နေပြီး သူ့နှလုံးသားလေးလိုနွမ်းလျနေတယ်
ဝမ်ကောင်လေးရဲ့ IDကတ်ကနေတဆင့်majorနဲ့yearကိုသိရပြီး
ပေမယ့်၊ ရှောင်းကျန့်ကလိုက်မသွားနိုင်သေးဘူး။ဘာလို့လဲဆို designဆွဲပေးရတယ်ဆိုတဲ့တစ်လအတွင်းက
တစ်ပတ်က ဒီအပတ်ဖြစ်နေတာကြောင့်ဖြစ်တယ်၊အမှန်ကအရင်အပတ်ထဲကဆွဲရမှာဖြစ်ပေမယ့်အပျင်းထူတဲ့ရှောင်းကျန့်က ဒီအပတ်ကိုရွေ့လိုက်မိတာ၊အပျင်းထူနေမိတာကိုလည်းရှောင်းကျန့်ကအခုမှအသည်းအသန်ကိုနောင်တတွေရနေမိပြီဖြစ်တယ်။
ပုံမှန်အိမ်မှာအေးအေးဆေးဆေးဆွဲရမယ့်အချိန်မှာဆိုင်သယ်လာပြီးဆွဲနေတာတောင်လွန်လှပြီမလို့၊ကောင်ငယ်လေးဆီသွားဖို့ဆိုတာပိုပြီးမဖြစ်နိုင်ဘူးရယ်။
ကိုယ်မသွားနိုင်တဲ့အချိန်ကောင်ငယ်လေးနောက်
်တစ်ကြိမ်ဆိုင်လေးဆီပြန်လာဖို့သာဆုတောင်းရင်းနဲ့၊ခေါင်းလောင်းမြည်တိုင်းဖင်တကြွကြွနဲ့ထကြည့်နေမိတာအတော်လေးလည်းအိန္ဒြရည်ပျက်လှပြီဆိုပေမယ့်လည်းသူကမရှက်နိုင်သေးဘူးရယ်။
အခုမှဝမ်ကောင်လေးကိုတွေ့တာ တစ်ကြိမ်ဘဲရှိသေးပြီးအသက်နဲ့နာမည်၊တက်နေတဲ့ကျောင်းလေးလောက်သိတာကိုအသည်းအသန်တွေဖြစ်နေတဲ့ကိုယ့်အကြောင်းကိုစဉ်းစားမိတော့လည်းရယ်မိပြန်တယ်။
ဒီလိုဆိုမှလူကြီးတွေပြောကြတဲ့ 'ကြိုက်မရှက်၊ငိုက်မရှက'်ဆိုတဲ့စကားပုံကို
လက်ခံမိတော့တယ်။ရှောင်းကျန့်ကလည်းအခုကိုယ့်ထက်၆နှစ်ကျော်၊၇နှစ်လောက်ငယ်တဲ့ဝမ်ကောင်လေးကိုချစ်မိပြီး
ပရမ်းပတာတွေဖြစ်နေရတယ်မလား။
YOU ARE READING
Mi Qureido (My dear)
Roman d'amourUni တစ်ခါတစ်ရံမှာအချစ်က ပါးဖောင်းဖောင်းလေးတွေကနေလည်း ဖြစ်တည်လာနိုင်ပါတယ််တစ်ဖက်လူက ဝမ်ရိပေါ်ဖြစ်နေသရွေ့ပေါ့... Zawgyi တဈခါတဈရံမှာအခစြျက ပါးဖောငျးဖောငျးလေးတှကေနလညျးဖွဈတညျလာနိုငျပါတယျျတဈဖက် လူကဝမျရိပေါျဖွဈနသေရှေ့ပေါ့...