🔘 1 🔘 (U)

3.4K 142 4
                                    

💓 နတ်သားပုံပြင် 💓
...........(သို့). ...........
💓 သုံးဘဝတိုင်ချစ်ရသူ 💓
•••Part (1)

Girl 1.. "ဟဲ့ ဝမ်ရိပေါ်က ဒီနေ့လာမှာသေချာလား.."

Girl 2.."အင်း...သေချာတယ်တဲ့ နေ့လည် တစ်နာရီကိုလာမှာတဲ့"

Girl 1.."ယေးးးးပျော်ပြီဟေ့.."

¡¡¡ Sky Light ¡¡¡ Shopping mall ၏ အောက်ဆုံးထပ် Bakery ဆိုင်လေးတွင်..မုန့်တစ်လုံး...ကော်ဖီတစ်ခွက်ဝယ်နေစဥ် ရှောင်းကျန့်ကြားလိုက်ရသော သတင်းက သူ့အတွက်မှိုရသလိုပင်..

(ဟိုလေ...'မှိုရတဲ့ မျက်နှာလို' ဆိုတဲ့ စကားပုံကို တင်စားတာနော်...ရိပေါ်လေးပြောတဲ့ မနက်လေးနာရီပွင့်တဲ့ မှိုမဟုတ်ဘူး...မှောင်ဘူးနော်...လင်းလင်းချင်းချင်းကြီးရေးမှာနော်..😁😁)

!ဝမ်ရိပေါ်လာမှာဟုတ်လား..အလဲ့ ငါကံတတ်နေတာပေါ့..ဒါဆို သတင်းတစ်ပုဒ်တော့ရအောင်ယူရမယ်..!

အလွတ်တမ်းသတင်းထောက်တစ်ယောက်ဖြစ်သော ရှောင်းကျန့်..မထင်မှတ်ပဲ သတင်းတစ်ခုရပြီဟု ဝမ်းသာသွားရသည်...
......

"အစ်ကိုကလည်း ကျွန်တော်က သတင်းထောက်ပါဆို..Today News ကပါ ဒီမှာတွေ့လား...ID ကဒ်တောင်ပါတယ်.."

"မရဘူးလို့ မင်းကိုဘယ်လိုပြောရမလဲ..ဖိတ်ထားတဲ့သတင်းထောက်ပဲ ဝင်ခွင့်ပေးမှာ..ဖိတ်စာပါမှရမှာပါဆိုတာ ဘယ်လိုရှင်းပြရမလဲ သွားသွားမင်း..."

"လုပ်ပါအစ်ကိုရယ် ကူညီပါ...ဝမ်ရိပေါ်ဆိုတာ ကျွန်တော့ Idol ပါ.. တွေ့ဘူးချင်လို့ပါ သတင်းမယူရလည်းရလည်း "

"ကျစ်...မင်းအမျိုးမျိုးပြောနေတာပဲ...စောနက သတင်းယူချင်လို့ အခု Idol တဲ့ ကဲသွားသွား...မင်းရုတ်ရုတ်လုပ်ရင် ရဲခေါ်လိုက်မှာနော်.. "

"အာ...ကူညီပါဆိုဗျာ..."

"မင်းပြန်တော့ ငါတို့ကိုမနှောက်ယှက်နဲ့တော့"

ရိပေါ် မည်သည်အတွက် ရှင်းလင်းပွဲလုပ်မှန်းမသိ...သူသိသည်က သတင်းတစ်ခုခုသိရမယ်...သတင်းဌာနမှာ သူ့သတင်းတစ်ပုဒ် ကြေညာပေးမယ်..
'သတင်းထောက်ရှောင်းကျန့်မှ သတင်းပေးပို့ထားခြင်းဖြစ်ပါသည်' အဲ့လိုအသံလေးဖြင့် သတင်းကြေညာသူမှ ကြေညာပေးမည်ကိုလည်း လိုချင်လှသည်...

💓 နတ်သားပုံပြင် 💓 (Completed)Where stories live. Discover now