🌼Ep-2🌼[Zawgyi+Unicode]

824 120 16
                                    

[Zawgyi .....]

အငွေ့တထောင်းထောင်းဖြင့်
ကား၂စီးလုံးကြေမွပျက်စီးကုန်
သည်။Taehyungကားထက်
တစ်ဖက်ယာဉ်ကပိုပျက်စီးနေသည်။
အလယ်ပိုင်းတစ်ခုလုံးကြေနေသည်။
များမကြာမီရဲများရောက်လာပြီး
ရုန်းရင်းဆန်ခက်ဖြစ်နေကြသည်။

မူးနောက်သွားသောခေါင်းကြောင့်
အီလည်လည်ဖြစ်သည့်အပြင်
အန်ပါအန်ချင်နေသည်။ နဖူး
ပြင်မှသွေးများသည်မျက်နှာပေါ်
သို့စီးကျလာသည်။

"အ့ "

နာကျင်သောကျောပြင်နှင့်ခြေထောက်
ကြောင့် Taehyungငြီးမိသည်။
ဘေးကJae Hee ကိုကြည့်လိုက်
တော့သူ့နည်းတူနဖူးကနေသွေး
စီးကျနေသည်။

"Jae Hee -ah ထပါဦး
Jae Hee အဟွတ်~~အဟွတ်"

လည်ချောင်းကခြောက်ကပ်နေမှု
ကြောင့်ချောင်းပါဆိုးသည်။
Jae Hee လက်တွေတဖြည်းဖြည်း
လှုပ်လာပြီး တကျွတ်ကျွတ်ဖြင့်
မျက်နှာရှူံ့မဲ့ကာခါးကိုထောက်ကာ
ထလာလေသည်။

"Taehyung ဘာဖြစ်တာလဲ
ငါ့လက်တွေနာလိုက်တာဟာ
အာ့ ~~ကျွတ်ကျွတ်"

"ငါ~~ငါ ကားတိုက်မိတယ် "

Taehyung စကားကြောင့် Jae Hee
ကဘေးဘီးကိုဝေ့ကြည့်ကာဖြင့်...

"ဘာ..! ဖယ်ဖယ် Taehyung
နေရာချင်းလဲမယ်ထ နင်အဲ့က
နေမြန်မြန်ထ"

Jae Heeသည်ငိုတော့မဲ့ပုံ
မျိုးဖြင့်Taehyungကိုကာ
ကွယ်ဖို့မမေ့ပါလေ။ သူမ
ရှိုက်သံတွေပါ ပါနေခဲ့သည်။

"ငါ့အပြစ်ပါ Jae Hee နင်ဝင်မပါချင်
စမ်းနဲ့ "

~~ဒေါက် ဒေါက် ~~

"ညီလေး အပြင်ထွက်ခဲ့ပါလား"

ကားကိုခေါက်ကာဖြင့်ရဲ
တစ်ယောက်ကအပြင်သို့
ခေါ်ထုတ်လေသည်။
Taehyungလက်ကိုJae Hee
လှမ်းဆွဲကာဖြင့်ခေါင်းယမ်း
ပြလေသည်။Jae Heeရဲ့
လက်ပေါ်ပြန်အုပ်ကိုင်ရင်း
စိတ်မပူစေရန်Taehyung
့ပြုံးပြရင်းခေါင်းညိမ့်ပြလိုက်သည်။

"မုန်း မျက် ရည်" Where stories live. Discover now