Zawgyi....
"အင်း~ဟင်း~ဟင်း "
သန်းခေါင်ယံအချိန်ကြီးအဖျားထ
တက်နေတဲ့Taehyungအသံကြောင့်
Hoseokနိုးလာခဲ့ရသည်။ဘေးချင်း
ကပ်ရပ်မို့ အမြန်ကုတင်ဆီကူးပြီး
Taehyungနဖူးပေါ်လက်တင်ကြည့်
တော့မျက်နှာပျက်သွားလေသည်။"ကျစ့် ကိုယ်တေပူနေတာပဲ "
မျက်နှာနူနုကဒဏ်ရာတွေကို
မြင်လေလေဟိုခွေးသူတောင်း
စား၅ကောင်ကိုချက်ချင်းပဲ
သွားသတ်ပစ်ချင်စိတ်ပါပေါက်
သည်။သတ္တိမရှိပဲအုပ်စုလိုက်
ကိုက်ချင်နေတဲ့ထိုအဖွဲ့ကို
Hoseokလုံးဝကြည့်မရပါပေ။"ရေပါတ်တိုက်ရမယ်ထင်"
ထောင်စောင့်ထဲကညနေက
ရေသောက်ချင်တယ်ဟုဆို
ကာရစ်ထားသည်မှာယခု
တွင်တော့ဟန်ကျလေပြီ။
အပြင်ခံအင်္ကျီစကိုပဲဖြဲရင်း
ရေတွင်နစ်လိုက်သည်။
Taehyungနဖူးပေါ်တွင်ရေပါတ်ဝတ်
လေးကနေရာယူလေသည်။
အပေါ်အဝတ်ကိုချွတ်လိုက်
ပြီးဂျိုင်းကိုပါရေပါတ်တိုက်
ပေးလိုက်သည်။"ယောကျာ်းချင်းတောင်ဖြူဥ
နေရတယ်လို့တကယ့်ကောင်"စောင်သေချာခြုံပေးပြီးသူလဲ
နေရာဝင်ကာပြန်လှဲနေလိုက်
သည်။Hoseok မသိလိုက်သည်က
Taehyung ရဲ့အပေါ်ပိုင်းအလှ
ကိုလူယုတ်မာတွေသွားရည်ကျ
မတက်အပေါ်စီးကကြည့်နေခဲ့
သည်ဆိုတာပဲ။>>>>>>>
"သက်သာတာ သေချာရဲ့လား
ကြမ်းတမ်းတဲ့ထမင်းဖြူတေ
မင်းအဆင်ပြေမယ်မထင်ဘူး
နော် ထပ်ဖျားနေမယ်""ပြေပါတယ် ငါအခုသက်သာ
သလောက်ရှိနေပါပြီ"စိတ်ပူနေတဲ့Hoseokကိုစိတ်
သက်သာစေရန်အားတင်း
ကာပြုံးပြလိုက်ရသည်။
တကယ်ဆိုအပူကျနေပေမဲ့
လုံးဝမလှုပ်ချင်ဘူးအိပ်ပြီး
အနားယူပစ်ချင်သည်။
စားရတဲ့သဲပါတဲ့ထမင်းကြမ်း
တေဟာမျိုတောင်မကျပါ။
ဟင်းရည်ကျဲတောင့်နဲ့
မျိုရဆို့ရသလိုပါပဲ။ အခြား
သူတွေထက်Taehyung
အစစအရာရာ
အနေဆင်းရဲအစားဆင်းရဲ
သည်။ ဒါ့အပြင်ဟိုလူကြီး
၅ယောက်ကပါအနိုင်ကျင့်
တာမို့ထောင်ထဲမှာနေရတဲ့
Taehyungဘဝသည်ငရဲတမျှ
ပါပဲ။ပြန်ခုခံနိုင်ပါရဲ့နဲ့ငြိမ်
ပြီးခံနေရတာလဲပေးဆပ်မှုပါပဲ။
ပြန်မခုခံတာကိုသိတော့ထိုလူ
တွေကပိုဆိုးလာတော့သည်။
Hoseokကတော့တက်နိုင်သလောက်
ဝင်ကူပါသေးသည်။
ဒါဘယ်သူ့အစီစဉ်
တွေလဲဆိုတာTaehyung
သိနေတာမို့ ထူးဆန်းပြီး
စိတ်ရှုပ်မခံချင်တော့ပါ။
ဒီလိုနေ့ရက်တွေနဲ့ပဲသူ
ရှေ့ဆက်ခဲ့သည်။
YOU ARE READING
"မုန်း မျက် ရည်"
Fanfic[Zawgyi+Unicode] 🍒အသွင်သစ်နဲ့ရောက်လာတော့ရော ငါ့အမုန်းတွေကနေပြေးလွတ်မတဲ့လား 🍒 "ငါ့အမုန်းတွေကြောင့် ကျလာမဲ့မင်း မျက်ရည်တွေကို ဝိုင်သောက်ရင်း ရှူစားမယ်။ ဟက်* ဖြစ်ရဲ့လား" T -Kook B - Tae အမုန်းကနေအချစ်ဖြစ်လာမယ်ထင်သလား😊