💧Ep-4💧[Zawgyi+Unicode]

696 96 13
                                    

Zawgyi ..........

"အင်း~~ဟင်း"

ငြီးသံနဲ့အတူ Taehyung
မျက်နှာလေးရှုံ့မဲ့ရင်းနိုးလာ
ခဲ့သည်။

" မင်း သတိရပြီလား "

ချိုသာသောအသံတစ်ခုသည်Taehyung
နားထဲစီးဝင်လာသည်။ သတိရသည်နှင့်
ခေါင်းထဲဝင်ရောက်လာသော
အဖြစ်ပျက်တစ်ချို့ နာကျင်နေ
သောခန္ဓာကိုယ်ကလက်သီး
ချက်တွေကြောင့်အတော်နာနေတာ
ပါပေါင်းလိုက်
တော့ မျက်ရည်သည်အလိုလိုကျ
ဆင်းလာခဲ့တော့သည်။

"မင်းငိုနေတာပဲ ဘာပဲဖြစ်ဖြစ်
မင်းအားတင်းထားရမယ်လေ
အခုမင်းအဆင်ပြေရဲ့လားမင်း
သတိလစ်နေတာ၁ရက်နဲ့နေ့
တစ်ဝက်ရှိပြီ "

မျက်ရည်ကြောင့်ဝေဝါးနေသော
အမြင်ကြောင့်ပြောနေသူကဘယ်
လိုပုံစံရှိနေသည်လဲTaehyung
မသိပေမဲ့အားပေးနေသူမို့ခေါင်း
အသာငြိမ့်ပြလိုက်သည်။

" မင်းကို ဘယ်သူလုပ်တာလဲ
မင်းသိတယ်ဆိုရင်အမှူဖွင့်လို့
ရတယ်လေ ထောင်ကလဲမကြာ
ခင်လွတ်မှာဆို"

တဖြည်းဖြည်းမျက်လုံးထဲ
မြင်လာရသူသည်ဆရာဝန်
တစ်ယောက်ပင်ဖြစ်သည်။
အမြန်ပင်ခေါင်းခါပြလိုက်သည်။
စကားပြောဖို့ကြိုးစားသည့်အခါ
အသံကထွက်မလာပဲလည်ချောင်း
မှာတစ်နေလေသည်။ Taehyung
မျက်လုံးမျက်ဆန်ပြူးကာဖြင့်
လည်ပင်းကြောတွေထောင်သည်ထိ
ရုန်းကန်ကာအသံထွက်ဖို့ကြိုး
စားနေလေသည်။

" လူနာ စိတ်ထိန်းပါ..! Kim Taehyung..!
စိတ်လျော့ပါ ..! "

doctor က ရုန်းကန်နေတဲ့
ခန္ဓာကိုယ်လေးကိုအသာထိန်း
ပေးလေသည်။

Taehyungမျက်နှာနီလာသည်ထိ
ကြိုးစားခဲ့ပါသည်။ အသံကတော့
ထွက်မလာခဲ့တော့ပါ။ မျက်ရည်ဥ
များသည်Taehyung ပါးပြင်ပေါ်
ကျဆင်းလာတော့သည်။ ဖြူဖျော့
နေသောခန္ဓာကိုယ်လေးသည် အလွန်
အားနည်းနေပုံပေါ်သည်။

*ငါ အ သွားတာလား *

အတွေးများကြောင့်Taehyung
ပိုသိမ်ငယ်သလို အားမလိုအား
မရဖြစ်ရသည်။ မျက်ဝန်းငယ်
သည်တောင်ကြည့်မြောက်ကြည့်
ဖြင့်ဂဏာမငြိမ်ဖြစ်လာသည်။

များမကြာမီမှာပဲ သူထပ်မံ
အိပ်ပျော်သွားခဲ့သည်။

"ဟူးး ဒီလိုကောင်လေးကိုများ
မုဒိမ်းကျင့်ဖို့ကြံရတယ်လို့ လူတွေ
လူစိတ်တောင်မရှိကြပါလား"

"မုန်း မျက် ရည်" Where stories live. Discover now