Ep-6

888 81 15
                                    

Zawgyi.......

"ကြီးမေ ရေဆူရင်ထည့်လိုက်လို့
ရပြီလား"

မနက်၅နာရီထဲက ထပြီးလုပ်နေတဲ့
အလုပ်ကအခုထိမပြီးနိုင်သေးပါ။
အိမ်မှာဆိုနေဖင်ထိုးမှထတဲ့သူက
အခုလိုတွေလုပ်နေရတော့သိသိသာ
သာပင်ပန်းလှသည်။အိမ်မှာဆို
ဘာမှလုပ်ရတာမဟုတ်။သည်းခံ
သည်းခံ။

"ရပြီ သမီးပွက်ပွက်ဆူရင်ထည့်လိုက်"

"အား..!! ပူတယ် "

လက်နှီးမကိုင်ဘာအကူမှမပါပဲ
ပူနေတဲ့အဖုံးကိုဖွင့်လိုက်တာမို့
လက်ပူသွားလေသည်။နီနေသော
လက်လေးကိုနားမှာကပ်ရင်း
အပူလျော့ရသည်။

"သမီးရယ် ဘယ်လိုဖြစ်ရတာလဲ
လက်လေးနီသွားတာပဲ လာလာ
ဆေးလူးပေးမယ်။ အဲ့တာထား
လိုက် "

***

" အလုပ်လုပ်ရင် အလောသုံးဆယ်
မလုပ်ရဘူး။ မနက်စောစောထလုပ်
တာပဲလေလောစရာမလိုပါဘူးကွယ်။
နောက်ဒီလိုမျိုးမဖြစ်စေနဲ့နော်ကြား
လား။သွားသွား ကိုလေးကိုသွားနိုး
လိုက်။ကြီးမေပဲ မနက်စာတွက်စီ
စဉ်လိုက်မယ် "

လက်ကိုဆေးလူးပေးရင်း
ကြီးမေကပြောလေသည်။
ခေါင်းညိမ့်ပြကာအပေါ်ထပ်
သို့တက်လာလိုက်သည်။

"ဟမ် ဒုက္ခပါပဲ သူနဲ့မျက်နှာ
ချင်းဆိုင်ရင် ..ဟာ ဘာဖြစ်လဲ
သူလဲယောက်ျားငါလဲယောကျာ်း
ပဲလေ ဘာကြောက်ရမလဲ "

လက်ကောက်ဝတ်နားက
အကျီင်္စလေးကိုပါခေါက်တင်
လိုက်ပြီး ခြေလှမ်းကျဲကြီးတွေဖြင့်
အခန်းရှေ့သွားရပ်လိုက်သည်။

"ဝင်သွားရင်ကောင်းမလား"

တံခါးကိုခေါက်တော့အထဲက
အသံမလာပါ။ ခနခနခေါက်ပေ
မဲ့လဲ အသံကမလာ။
မဖြစ်သေးပါဘူးဆိုပြီး တံခါးနား
နားကိုကပ်ကာဖြင့်အခန်းထဲက
အသံကိုနားစွင့်နေလေသည်။

"ဘာ အသံမှလဲမကြားရဘူး
အ..အမလေး "

တံခါးပိတ်ထားတယ်ထင်ပြီး
အတင်းနားကပ်မိတာကြောင့်
တံခါးကပွင့်သွားလေသည်။

"တံခါးလဲမပိတ်ထားဘူး "

အထဲသို့ Taehyung ဖြေးဖြေး
ချင်းဝင်သွားလေသည်။
Jungkook ကိုအဖြူရောင်
အိပ်ယာကြီးပေါ်ရှာတော့
ရှိမနေပါ။ တစ်ခန်းလုံးသန့်
ရှင်းသပ်ရပ်နေတာတွေ့တော့
Taehyungနှာခေါင်းရှူံ့မိသည်။
Taehyung အခန်းဆိုအမြဲပွ
နေတာ ဒီလိုသန့်ရှင်းသပ်ရပ်နေ
သူတွေကသာ overတွေ။
အမြဲတော်တက်နေသူတွေကို
သိပ်သဘောမကျပါ ဘာလို့ဆို
$စရာကြီးကခပ်များများမို့ပါ။
အခန်းထဲ အိပ်ယာရယ်၊အဝတ်စား
ဗီဒိုရယ်၊ ဆိုဖာအရှည်ကြီးရယ်၊
စားပွဲခုံရယ်သာရှိနေသည်။

"မုန်း မျက် ရည်" Where stories live. Discover now