လက်လျှော့ခြင်း

37 8 0
                                    

ကျောင်းစဖွင့်သောအချိန်မှစ၍
အခု တစ်ပတ်ကျော်သွားတဲ့အချိန်အထိ
သူ့ကိုသာ လှည့်ကြည့်နေရတာအမော...
ဘာကြောင့်လဲ ဘာလို့လဲဆိုသော မေးခွန်းအတွက် သေချာရေရာသောအဖြေမရှိပေမယ့်
ဒီအတိုင်း သူ့ကိုဘဲကြည့်ချင်နေမိသည်..
သူ့ကိုကြိုက်နေတာလားဆိုသောမေးခွန်းကို သူငယ်ချင်းဟန်နီက မေးလာသောအချိန်တွင် သူမဖြေမိတာက..
"ဒီတိုင်း သူကစာတော်တော့ ငါတို့အဆင့်ဝင်ဖို့ပြိုင်ရတော့မှာမို့လို့လေ"
ဆိုကာ မဖြစ်နိုင်သော အဖြေကိုပေးရင်း နေလာခဲ့တာ တစ်ပတ်ကျော်ခဲ့ပြီ..

"ဆောဟီ..ဒီနေ့ကျောင်းသူအသစ်ပြောင်းလာမှာလို့ငါကြားတယ်"ဆိုကာ သူမတို့ရဲ့ အရှေ့ခုံမှာထိုင်သော သူငယ်ချင်းက ပြောလာလေသည်။

"နင်ဘယ်လိုသိတာလဲ"

"ဒီလိုဘဲလေ"ဆိုပြီး မျက်ခုံးပင့်ပြလာတဲ့ သူငယ်ချင်းမလေးကိုကြည့်ပြီး ရယ်လိုက်မိသည်။

ထို့နောက် ဆရာမဝင်လာတော့ မတ်တပ်ရပ်နှုတ်ဆက်လိုက်ရင်း

"မင်္ဂလာပါ ဆရာမ"

"မင်္ဂလာပါ ထိုင်ကြ"လို့ ဆရာမအပြောအပြီးမှာဝင်လာတဲ့ ကျောင်းသူသစ်ဖြစ်မယ်ထင်တဲ့ ကောင်မလေးတစ်ယောက်.....

တစ်ခန်းလုံးရဲ့မျက်လုံးများကလည်း သူမဆီမှာသာ...

"မင်္ဂလာပါ ယူဟာနာပါ တွေ့ရတာဝမ်းသာပါတယ်"
သူမရဲ့မိတ်ဆက်မှုအပြီးမှာ တစ်ခန်းလုံးရဲ့ အံ့သြသံများ လက်ခုပ်သံများဖြင့် မြည်ဟည်းသွားရလေသည်။

သူမသည် အရပ်က ရှည်ပြီး ခန္ဓာကိုယ်ကလည်း အလွန်လှသည်။ရုပ်ရည်ကလည်း မိန်းကလေးပါငေးရလောက်တဲ့အထိ ချောသည်။
နှာတံဆင်းဆင်းလေးနဲ့ ပြုံးလိုက်တိုင်းပေါ်လာတဲ့ ပါးချိုင့်က သူမရဲ့အလှကို ပိုပြီး လှပသွားအောင် ဖြည့်ဆည်းပေးနေဟန်ပင်။

သူမက အရှေ့ပိုင်းလောက်ကျတဲ့ခုံမှာ ဝင်ထိုင်လိုက်ပြီး ဘေးက သူတွေအား လိုက်နှုတ်ဆက်နေလေသည်။

ဟာနာကိုကြည့်ပြီး မနာလိုခြင်းတော့မဟုတ်ပေမယ့် သိမ်ငယ်စွာကိုယ့်ကိုယ်ငုံ့ကြည့်မိသည်။

ဆံပင်ကဂုတ်ဝဲအတို ...
ခန္ဓာကိုယ်ကလည်း ပိန်လိုက်တာ..
တင်လည်းမရှိ ရင်လည်းမရှိ..
ပြီးတော့ ရုပ်ကလည်း လှတဲ့ထဲပါဖို့နေနေသာ သာမန်ထဲတောင်ပါရဲ့လားမသိ..

Waiting For ForeverWhere stories live. Discover now