အချစ်၏လွှမ်းမိုးမှု

68 11 0
                                    

အချစ်လား...
အချစ်က နူးညံ့တယ်...
သိမ်မွေ့တယ်...
စမ်းကြည့်ချင်လား သိချင်လား...
ချစ်ကြည့်လိုက်ပါ...

🌼🌼🌼

"ဆောဟီ ဘာတွေငိုင်နေတာလဲ"

နေ့လည်စာစားချိန်မှာ အစာ မစားဘဲ အပြင်ကို ငေးနေတော့ ဟန်နီမှမေးလာလေသည်။
ဟန်နီကို ပြောပြရမလား...
မပြောရဘူးလား...
ဟန်နီနဲ့ သူမက ငယ်ငယ်ကတည်းကနေ အခုချိန်ထိ ပေါင်းလာခဲ့သော သူငယ်ချင်းလည်းဖြစ်သည်။
အမြဲအချင်းချင်းရင်ဖွင့်ကြပြီး တစ်ဦးနှင့်တစ်ဦးအလျှော့ပေးကာ ခင်ခဲ့ကြသည်။
မိသားစုအကြောင်း စာအကြောင်း အမျိုးမျိုးသော အကြောင်းအရာတို့ကို လျှို့ဝှက်ထားခြင်းမရှိ သစ္စာရှိရှိပေါင်းခဲ့ကြသည်။
အခုလည်း ရင်ဖွင့်လိုက်ရမလား..

"ဘာတွေငေးနေပြန်ပြီလဲ စားလေ စားမကောင်းဘူးလား"

ဟန်နီက စားဖို့ပြောလာတော့ တူကိုကောက်ကိုင်လိုက်ရင်း ထမင်းလိပ်တစ်ခုကို ပါးစပ်ထဲထိုးထည့်လိုက်မိသည်။
ဟန်နီက ကိုယ့်ပုံကို ကြည့်ကာ ရယ်ပြီး သူ့ဟာသူ ဆက်စားနေလေသည်။

သူမကို ပြောလိုက်ရတော့မလား..???

"ဟန်နီ..."

သူမက ခေါ်လိုက်တော့ ဟန်နီက စားနေရင်း သူမဘက်လှည့်လာကာ မေးဆက်ပြသည်။

"ငါ..ငါလေ ကြိုက်နေပြီထင်တယ်"

"ဘယ်သူ့ကိုလဲ"

"ကင်မ်.ကင်မ်နမ်ဂျွန်း"
သူမကတော့ စိတ်လှုပ်ရှားစွာ ပြောလိုက်သော်လည်း
ဘာမှခွန်းတုန့်မပြန်ဘဲ ငြိမ်နေရာမှ "အင်း"ဆိုသည့် စကားတစ်ခွန်းသာပြန်ပြောလာသော ဟန်နီ..

"ဟမ်...နင်သိနေတာလား"

"ဟင်!..အွန်း သိတယ် နင့်ပုံက ဒီလောက်သိသာနေတာ ငါနင်နဲ့ငယ်ငယ်ကတည်းက ပေါင်းလာတာမသိဘဲနေမလား"

သူမပြောပြီးတာနဲ့ ဟန်နီက မုန့်သာဆက်စားနေတော့ သူမစိတ်သက်သာရာရသွားသည်။
ဟန်နီက တစ်ခုခုပြောမယ်ထင်ထားတာ...
ဘာမှမပြောတော့လည်း သူမရှေ့ဆက်ကာ ဆက်မေးရင်း

"ငါ ဘယ်လိုလုပ်ရမလဲ ဟန်နီ"

"ဘာကိုလဲ"

"သူက ရှီအာကို ကြိုက်နေတာတဲ့"

Waiting For ForeverWhere stories live. Discover now