အချစ်ကိုတွေ့ရှိဖို့ အဝေးကြီး လိုက်လံရှာဖွေဖို့မလိုပါဘူး
အချိန်တန်ရင် ကိုယ့်ဆီကို
ဆိုက်ဆိုက်မြိုက်မြိုက်
ရောက်လာတတ်တာ
အချစ်ရဲ့သဘောတရားဘဲ🌹...🌹
တစ်ခန်းလုံး အတန်းရဲ့ အတန်းခေါင်းဆောင်ကို ရွေးချယ်ရန် မဲစာရွက်များလူအကုန်စုံအောင် ထည့်ပြီးသောအခါမှ
ဆရာမရဲ့ မဲဖွင့်မယ် ဆိုသော အသံနဲ့အတူ မဲဖွင့်မယ့်အချိန်ကိုသာ ရင်ခုန်စွာစောင့်နေမိသည်...၁- ဂျောင်းဂျောင်ကွတ်
၂- ဂျောင်းဂျောင်ကွတ်
၃- ကင်မ်နမ်ဂျွန်းမဲလိပ်များကို ဖြည်ပြီး အစဉ်တိုင်းအော်နေသော အခန်းရဲ့ ပင်တိုင်မျောက်လို့ အမည်ပေးထားတဲ့ ကင်မ်ထယ်ယျောင်းက အခန်းကို အော်တစ်လှည့် သင်ပုန်းမှာ ရေးတစ်လှည့်နှင့် အလုပ်ရှုပ်နေလျက်ရှိသည်...
မဲရေလိပ်ပေါင်း ၂၀ကိုဖွင့်ပြီးသည်အထိ ၁၉မဲနှင့် ဂျောင်းဂျောင်ကွတ်က ဦးဆောင်လျက်ရှိသည်..
ကျန်၁မဲကတော့ ကင်မ်နမ်ဂျွန်း...
သူမတစ်ယောက်တည်းသာ ဒီနာမည်ကို ထည့်လိုက်တာလား ဆိုသော အတွေးက သူမကို
ဂယောင်ချောက်ချားဖြစ်စေသည်...
အခုထိ သူကတစ်မဲတည်းဆိုတော့ သူမထည့်လိုက်တဲ့မဲဖြစ်ကောင်းဖြစ်နိုင်သည်...
အခုမှလာတဲ့ ကျောင်းသားအသစ်ကို ထည့်တာဘယ်သူလဲဆိုပြီး စပ်စပ်စုစု မေးမယ့်အထဲမှာ ထိုအကောင် ထယ်ယောင်းက ထိပ်ဆုံးကပါမှာ..
ထို့ကြောင့် နောက်ထပ်လာမယ့် မဲလိပ်ကို
ရင်တုန်စွာပင် စောင့်ဆိုင်းနေမိသည်...ဂျောင်းဂျောင်ကွတ်...၂၀မဲ
ကင်မ်နမ်ဂျွန်း...၁မဲထပ်ပြီး မဲဖွင့်တိုင်း ဂျောင်းဂျောင်ကွတ်ဆိုသော နာမည်ကြားသည်နှင့် စိတ်တိုမိသည်..
ဘာလို့ သူ့ဘဲ ထည့်နေကြတာလဲ..
ကင်မ်နမ်ဂျွန်းကို တစ်မဲလောက်ထည့်လိုက်တော့ သေသွားမှာလား..
စိတ်တိုတိုနဲ့သာ ရိုးဆွတ်နေမိသည်..
တစ်ကယ်တော့ သူ့မဲက တစ်ခုတည်းသာဆိုရင်
ဟိုအကောင် လိုက်မေးတာနဲ့ ဒီက ဂန်းဆောဟီပါဆိုတာ ပေါ်သွားမှာအသေအချာ..
မဲလေးနှစ်ခုလောက်ဖြစ်နေရင်ကို တော်သေးသည်...
အခုတော့

YOU ARE READING
Waiting For Forever
RomanceDon't say you can't love me anymore.... Please say let's stop here... Because.... . . . I want to believe you still love me RM×Oc (Zawgyi..Unicode) Started #23.11.2020