Unicode below~~
'စိတ်အလိုမကျနေတာလား
ပျော်ရွှင်နေတာလား'အမျိုးအမည်မသိသော တစ်စုံတစ်ခုက ရင်ထဲတွင် ဝင်ရောက်လာကာ စိတ်ထဲတွင် မတင်မကျဖြစ်နေမိသည်။
စိတ်အလိုမကျမှုကတော့ ကိုယ့်အတွက် စာမှာပြိုင်ဖက်တစ်ယောက်တိုးလာတယ်ဆိုသော
အသိကြောင့် ဖြစ်ပေမယ့် ပျော်ရွှင်မှုအပေါ် ခေါင်းစဉ်တပ်လို့မရပေ...
ရင်ထဲတွင်လှိုက်ခနဲပျော်ရွှင်သွားမှု
သူ့ကိုမြင်လိုက်တာနဲ့ စိတ်ကျေနပ်သွားမှုတို့က ခေါင်းစဉ်မတပ်ထားသော ဝမ်းသာမှုနောက်တွင် ထပ်ကျပ်မခွာပါလာသည်ဆိုသော အသိက သူမကို သတိပေးနေသော်လည်း သူမအတွက် ဒီအပေါ်မှာ သေချာရေရာသော အဖြေမရှိ.."ဟန်နီ ဒါကျောင်းသားအသစ်လားမသိဘူးနော်"
သူမရဲ့အမေးကို မုန့်သာအေးဆေးငုံ့စားနေသော သူငယ်ချင်းက သူမကိုမကြည့်ဘဲ ခေါင်းငြိမ့်ကာ ထင်ကြေးပေးသည်။"ဟုတ်လောက်မယ် ထင်တယ်"
ထိုသို့ပြောပြီး ပြန်ပြီးအေးဆေးသာ ဆက်၍စားနေသော သူငယ်ချင်းလေးကြောင့် ဘာမှဆက်မပြောတော့ဘဲ မုန့်သာစားရန် ပြင်လိုက်သည်။
သို့သော် နောက်ဆုံးတစ်ခေါက်အနေဖြင့် ကြည့်ရန် ဆုံးဖြတ်လိုက်ပြီး လှည့်ကြည့်မိတော့
ကိုယ့်ကို ကြည့်ကာ ပြုံးပြနေသော
သူ့ရဲ့နှုတ်ခမ်း...
မျက်လုံး...
ပြန်ပြီး ပြုံးပြခြင်းလည်းမရှိဘဲ သူ့ရဲ့မျက်လုံးကိုသာ ကြောင်ကြည့်နေမိရင်း
သူ့ဘက်က 'ဘာလို့လဲ'ဆိုသော အမူအရာဖြင့် မျက်ခုံးတစ်ဖက် မြင့်တက်သွားသော အချိန်မှ အလျင်အမြန် သူ့ဆီမှ ရှောင်လွှဲကာ မုန့်သာငုံ့စားနေမိတော့သည်။ဒါက ပထမဆုံးအကြိမ် သူနဲ့အကြည့်ချင်းဆုံမိခြင်း....
...
နေ့လည်ကျောင်းပြန်တက်တော့ ဆရာမရဲ့ မိတ်ဆက်ပေးမှုကြောင့် သူ့နာမည်ကိုသိခဲ့ရသည်။
နာမည်က ကင်မ်နမ်ဂျွန်းတဲ့
သူဟာ ဆိုးလ်မြို့ကနေ ပြောင်းလာသောသူ..
ဒီလောက်ကောင်းတဲ့မြို့ကြီးကနေ ဘာကြောင့် အခုလို ဘူဆန်မြို့သေးလေးသို့ ပြောင်းလာရလည်း မသိပေ...
ဒါဟာ သူမတို့အတွက်ရေစက်လား..
ထိုအတွေးကို ကိုယ့်ကိုယ်တွေးမိပြီးမှ အလျင်အမြန် ခေါင်းထဲမှပြန်ထုတ်လိုက်ရသည်။

YOU ARE READING
Waiting For Forever
RomanceDon't say you can't love me anymore.... Please say let's stop here... Because.... . . . I want to believe you still love me RM×Oc (Zawgyi..Unicode) Started #23.11.2020