ထယ်ယောင်းတစ်ယောက်ရိုက်ကွင်းထဲရောက်နေကာ တစ်ပိုင်းစာရိုက်ဖို့ကျန်သေးတာကြောင့် ခနနားကာ ဇာတ်ညွှန်းဖတ်နေမိသည်..
ထိုစဉ်ထယ်ယောင်းရှေ့သို့ရောက်လာတဲ့မိန်းမလှလေးတစ်ယောက်
"ကင်မ်ထယ်ယောင်းရှီး"
"အော် ယူနာရှီး "
ယူနာကပြုံးပြလိုက်ရင်း
"အနားကခုံမှာထိုင်မယ်နော်ရလား "
ထယ်ယောင်းလည်းလူမှုရေးမခေါင်းပါးသူမလို့ သူနဲ့တွဲသရုပ်ဆောင်နေတဲ့မင်းသမီးလည်းဖြစ်သည်မို့ ပြန်၍ပြုံးပြကာ
"ထိုင်ပါ ရပါတယ် "
ယူနာက ခပ်သွက်သွက်ပင်ဝင်ထိုင်ကာ
"ထယ်ယောင်းလို့ပဲခေါ်မယ်နော် ယူနာ့ကိုလည်းယူနာလို့ပဲခေါ်လို့ရပါတယ် အဟင်း "
"အာ ဟုတ်ကဲ့ပါ "
"ထယ်ယောင်းက အပြင်မှာပိုချောတယ်နော် တကယ်ကိုမိန်းကလေးတိုင်းရဲ့အိမ်မက်မင်းသားလေးပဲ "
ထယ်ယောင်းအနေခက်စွာ
"မဟုတ်တာ ယူနာရယ် "
"တကယ်ပြောတာ ဒါနဲ့ထယ်ယောင်းသိလား ယူနာရဲ့ Idea Type က ထယ်ယောင်းဆိုတာလေ "
ထယ်ယောင်းမှာ ယူနာကပွင့်လင်းရဲတင်းတယ်လို့သာသတင်းကြားထားပေမယ့် အခုလိုရဲတင်းလှမယ်လို့မထင်၍ ဘာပြောရမယ်မှန်းပင်မသိပေ
"အာ ဟုတ်ကဲ့ "
"ဒီနေ့ညနေ ရှူတင်ပြီးရင်လေ မိတ်ဖြစ်ဆွေဖြစ် ညနေစာလိုက်ကျွေးမလို့ ထယ်ယောင်းလိုက်မယ်မလား "
မဖြစ်ဘူး ဂျောင်ကုကချက်ချင်းပြန်လာဖို့ပြောထားသည် မဟုတ်ရင် စိတ်ဆိုးမှာအသေအချာပင်
"ဟိုလေ ကျွန်တော် ညနေချိန်းထားတာရှိလို့ အဲ့တာ "
ယူနာက အနည်းငယ်သူမကိုအားနာပုံပေါက်နေတဲ့ရှေ့မှကောင်ချောလေးအားကြည့်ကာ ပါးနပ်စွာပြုံးလိုက်ရင်း
"ရပါတယ် အဲ့ဒီအစား နောက်တစ်ခေါက်တော့ လုံးဝမငြင်းရဘူးနော် ထယ်ယောင်း "
"ဟုတ်ကဲ့"
"အဟင်း ဒါဆိုခွင့်ပြုပါဦးနော် မနှောင့်ယှက်တော့ဘူး "
YOU ARE READING
💜 Secret Love 💜 (Completed)
Fanfictionနာမည်ကြီး Idol တွေမလို့ လျှို့ဝှက်စွာတွဲကြမလားဟျောင်း🐰🐯 ဟျောင်းနဲ့ပတ်သက်ရင်အတ္တကြီးတဲ့ကျွန်တော့်ကို ဟျောင်းကချစ်သူအဖြစ်လက်ခံနိုင်ပါ့မလား 💜