ဂျောင်ကု ကုတင်ပေါ်မှာလှဲကာ Ph Screen ပေါ်မှပုံလေးအားတစိမ့်စိမ့်ကြည့်ရင်းပြုံးနေမိသည်..
ကြည့်ပါဦး ဟျောင်းအိပ်နေတာလေးက ချစ်ဖို့ကောင်းလိုက်တာအရမ်းပဲ...ဆံပင်အပြာရောင်ဆိုးထားပြီး ကောင်ကွေးကွေးဆံပင်အုပ်အုပ်လေးတွေနဲ့ ဟျောင်းက ကျားပေါက်လေးလိုပင် ... ခုံပေါ်မှောက်အိပ်နေသော ဟျောင်းအားသူဓာတ်ပုံရိုက်ထားမိသည်...
အစကတော့ ဒီတိုင်း အခြားဟျောင်းတွေနဲ့လည်း Skinship တွေများတာပဲလေ ဆိုပြီး ဟျောင်းအပေါ်ထားတဲ့သူ့စိတ်တွေကိုရိုးရိုးသားသားထင်ခဲ့မိသည်..အခုမရိုးသားတော့ဘူး ဟျောင်းကိုအစ်ကိုတစ်ယောက်လိုထက် ပိုချစ်နေခဲ့တာပဲ...
ဟျောင်းသိရင်ရော ဘယ်လိုတုံ့ပြန်မလဲ သူ့စိတ်ကိုလက်ခံပေးပါ့မလား သိအောင်ရောဖွင့်ပြောသင့်ရဲ့လား..
ဘာအခက်အခဲပဲရှိရှိ ဂျောင်ကုရင်ဆိုင်သွားမည်..ဟျောင်းလက်ခံအောင်လည်းကြိုးစားမည်...ဂျောင်ကု Ph Screen ပေါ်မှ ဟျောင်းပေါက်စပုံလေးအား နှုတ်ခမ်းဖြင့်ထိကပ်လိုက်ရင်း
"ချစ်တယ်ဟျောင်း "
.................
BT7 တစ်ဖွဲ့လုံး လေ့ကျင့်ရေးအခန်းထဲလေ့ကျင့်နေစဉ် မန်နေဂျာအစ်ကိုရောက်လာကာ
"PD ခေါ်နေတယ် လေ့ကျင့်တာခနနားပြီး အစည်းအဝေးခန်းထဲလာခဲ့ပါတဲ့ "
"ဘာဖြစ်လို့လည်း မန်နေဂျာဟျောင်း "
နမ်ဂျွန်းကမေးလိုက်သည်
"မသိဘူး PD ကိုကြည့်ရတာ စိတ်ရှုတ်နေသလိုပဲ သွားလိုက်နော် မြန်မြန် "
တစ်ဖွဲ့လုံးနားမလည်စွာ
"ဟုတ် "
ဟုသာပြိုင်တူဖြေလိုက်မိကြသည်...
............
"PD Nim "
"အော် ရောက်လာကြပြီလား လာထိုင် "
အသီးသီးနေရာယူပြီးတော့
"မင်းတို့ Social Media ပေါ်က ကိစ္စတွေကိုမြင်ရဲ့လား "
"ဘာကိုလည်းဟင် "
ယွန်းဂီဟျောင်းက မေးလိုက်သည်
CZYTASZ
💜 Secret Love 💜 (Completed)
Fanfictionနာမည်ကြီး Idol တွေမလို့ လျှို့ဝှက်စွာတွဲကြမလားဟျောင်း🐰🐯 ဟျောင်းနဲ့ပတ်သက်ရင်အတ္တကြီးတဲ့ကျွန်တော့်ကို ဟျောင်းကချစ်သူအဖြစ်လက်ခံနိုင်ပါ့မလား 💜