Part-13

7.8K 663 2
                                    

အကလေ့ကျင့်ကြပြီးနောက် BT7 တစ်ဖွဲ့လုံးအနားယူနေကြသည်.. ဒီတစ်ခါ LA မှာလုပ်မယ့် Concert က ဒီတစ်နှစ်တာရဲ့နောက်ဆုံးပွဲကြောင့်မလို့ အားလုံးအရမ်းကြိုးစားထားကြသည်...

ဂျောင်ကုနဲ့ထယ်ယောင်းမှာလည်း တစ်ယောက်နဲ့တစ်ယောက်သိပ်မခေါ်ကြပေ.. ဂျောင်ကု သူ့အားစကားမပြောသော ဟျောင်းပေါက်စအားချော့ရန် Strawberry သီးလေးတွေအား လှပတဲ့ပန်းစည်းလိုလေးစည်းထားတဲ့ ပန်းစည်းလေးအားကိုင်ပြီး ဟျောင်းပေါက်စထွက်သွားတဲ့နောက်လိုက်ခဲ့မိသည်...

ထယ်ယောင်းအဝတ်အစားလဲခန်းထဲအဝတ်စားလဲနေရင်း ခြေထောက်ပေါ်မှဖြတ်သွားသောအကောင်တစ်ကောင်

"အား... ပိုးဟပ်ကြီး... ပိုးဟပ်ကြီး "

ဂျီမင်းမှာအခုမှအဝတ်စားလဲခန်းနားအလာ အထဲမှထယ်ယောင်းအသံကြောင့်အပြေးအလွှားသွားကာ

"ထယ်လေး ဘာဖြစ်တာလည်း ဘာဖြစ်လို့လည်း "

ဂျီမင်းကိုလည်းမြင်ရော ဂျီမင်းကိုယ်ပေါ်ခုန်တက်ကာ

"အား ဂျီမင်းနား ပိုးဟပ် ပိုးဟပ်..."

"သွားခဲ့ပြီနော် ထယ်လေး ... မကြောက်နဲ့တော့ "

အကောင်တွေဆိုကြောက်တဲ့သူ့ထယ်ကိုကြည့်ပြီး ဂျီမင်းအသည်းယားနေရသည်.. ကြည့်ပါဦး လူကိုခါးကနေခွတက်ထားပြီး လည်ပင်းကိုဖက်ထားတာ.. မျက်နှာမှာလည်း ချွေးစက်လေးတွေကသီးလို့ နှုတ်ခမ်းလေးတထော်ထော်နဲ့ပြောနေသော ကလေးပေါက်အားကြည့်ကာ ပိုင်ဆိုင်ချင်စိတ်တို့တဖွားဖွား...

"သွားခဲ့ပြီလား... ဟင် သွားပြီလားလို့ "

ဂျီမင်းမှာဝင်လာကတည်းက ပိုးဟပ်နဲ့တူတာတောင်မတွေ့မိ ဒါပေမယ့် ဒီအခြေအနေလေးကိုရပ်တန့်ထားချင်တာကြောင့်

"သွားခဲ့ပြီထင်ပေမယ့် ရှိနေသေးတယ် ဒီတိုင်းလေးပဲနေနော် ထယ်"

"ဟင် ရှိသေးတာလား ငါ့ကိုအောက်မချနဲ့နော် ကြောက်... ကြောက်တယ် "

"အင်းပါ ထယ်လေးရဲ့ "

ပြောပြီး ခါးသေးသေးအားတင်းကျပ်စွာပွေ့ကာ လည်တိုင်ဖြူဖြူမှသွေးကြောစိမ်းလေးကို နှုတ်ခမ်းနဲ့မြတ်မြတ်နိုးနိုးထိကပ်နမ်းရှိုက်လိုက်မိ၏..

💜 Secret Love 💜 (Completed)Where stories live. Discover now