"ဟျောင်း"
ဂျောင်ကု ဒီနေ့ ဟျောင်းပေါက်စကိုတရားဝင်ဖွင့်ပြောပြီး ဟျောင်းပေါက်စရဲ့အချစ်ကိုတောင်းခံဖို့စိတ်ကူးထားသည်.. ဘယ်လိုအဖြေပဲဖြစ်ဖြစ် လက်ခံဖို့စဉ်းစားထားပေမယ့် ဟျောင်းငြင်းမှာမဟုတ်တာတော့သူသိသည်လေ..
ထယ်ယောင်း သူ့အနားသို့အပြေးလေးလိုက်လာသော ဂျောင်ကုအားကြည့်ကာ
"အော် ဂျောင်ကုကီ ဘာပြောမလို့လည်း "
"ရှိတယ် ဟိုလေ ဟျောင်း .. ကျွန်တော်တို့ လေ့ကျင့်ပြီးရင် ဟျောင်းကျွန်တော်နဲ့အပြင်လိုက်ခဲ့ပါလား "
"အင်း သွားမယ်လေ "
"ဟီး ဟုတ်ဟျောင်း "
ယုန်သွားလေးပေါ်အောင်ရယ်ပြနေသော ကုကီအားကြည့်ကာ ထယ်ယောင်းလည်းပြုံးလိုက်မိသည်.. ဒီကလေး ဘာတွေပျော်နေတယ်မသိ...
..............
ဟန်မြစ်ကမ်းဘေးမှာ ညနေဆည်းဆာမို့ ပျောက်လုလုနေလုံးကြီးရဲ့ ပုဇွန်ဆီရောင်အလင်းရောင်လေးတွေဟာ ရေပြင်ပေါ်ဖြာကျနေသောကြောင့် အလွန်လှပနေသည်..တိုက်ခတ်လာတဲ့လေအေးအေးတွေဟာ ဂျောင်ကုရင်ထဲက စိုးရိမ်စိတ်တွေကိုပါ ယူမသွားနိုင်တာ နှမြောစရာကောင်းသည်...
"ဟူး ...."
သက်ပြင်းချသံမှာပင် ရှည်လျားနေသလို .. ကားခေါင်းပေါ်ထိုင်ရင်းဘေးနားက Strawberry Milktea သောက်နေသော ချစ်ရတဲ့လူသားလေးအားငေးနေမိသည်...လှရက်လိုက်တာ..ဘယ်မိန်းကလေးကိုမှ မချစ်ဖူးသော သူ့နှလုံးသားတစ်ခုလုံးကို အစွမ်းကုန်လှုတ်ခတ်စေသော အလှနတ်ဘုရားလေးပါလေ..
"ကုကီ...ကုကီ "
"ဟင် ဟျောင်း "
"ဘာတွေငေးတာလည်း ဟျောင်းခေါ်တာလည်းမကြားဘူး "
"အော် ဘာမှမငေးပါဘူး ဟျောင်းရဲ့ "
"ကုကီပဲ ဟျောင်းကို ပြောစရာရှိတယ်ဆို "
"ဟုတ်တယ် ဟျောင်း "
"ပြောလေ ကုကီရဲ့ "
"ဟျောင်း ကျွန်တော်လေ ..."
"....."
"ဟျောင်းကို အရမ်းချစ်တယ်"
"ဟင်"
YOU ARE READING
💜 Secret Love 💜 (Completed)
Fanfictionနာမည်ကြီး Idol တွေမလို့ လျှို့ဝှက်စွာတွဲကြမလားဟျောင်း🐰🐯 ဟျောင်းနဲ့ပတ်သက်ရင်အတ္တကြီးတဲ့ကျွန်တော့်ကို ဟျောင်းကချစ်သူအဖြစ်လက်ခံနိုင်ပါ့မလား 💜