[Unicode]
"ကျေးဇူးတင်ပါတယ် "
စားပွဲထိုးကောင်မလေးပေးလာတဲ့coffeeဘူးလေးကိုယူပြီး ဆိုင်ထဲကထွက်လာခဲ့လိုက်သည်။
နွေဦးရောက်နေပြီမို့ ချယ်ရီပန်းရဲ့ပွင့်ဖတ်တွေဟာ လမ်းတစ်လျှောက်ပြန့်ကျဲကျနေသည်။
မြစ်ကမ်းဘေးနားကခုံတန်းလေးမှာ၀င်ထိုင်ပြီး လက်ထဲကိုင်လာတဲ့coffeeဘူးဘေးနားအသာချထားလိုက်သည်။Coffeeတွေဟာ ပူနေတုန်းသောက်ရင် စွဲလမ်းတတ်တယ်၊
မသောက်ရရင်မနေနိုင်တော့တာမျိုးလေ။တစ်စုံတစ်ခုမရှိရင်မဖြစ်ဘူးဆိုတဲ့ စွဲလမ်းရခြင်းတွေကို လီဆာမကြိုက်ဘူး . . .
ဘယ်ဖက်ပခုံးပေါ်လွယ်ထားတဲ့အိတ်ကို ယူကာဖွင့်လိုက်ပြီးအိတ်ထဲက ကင်မရာလေးကိုထုတ်လိုက်သည်။
စွဲလမ်းရခြင်းတွေကိုမနှစ်သက်သည့်တိုင် ဓာတ်ပုံရိုက်ရခြင်းကိုတော့ လီဆာစွဲလမ်းသည်။
ညနေစောင်းနေပြီဖြစ်တာကြောင့် ပတ်၀န်းကျင်ဟာ လိမ်မော်ရောင်သမ်းလာသည်။
ထိုင်နေရာမှထပြီး အလှတရားတွေကိုမှတ်တမ်းတင်နေမိသည်။
နဖူးထက်ကဆံစတွေပေါ်လာတင်တဲ့ ပွင့်ဖတ်ကြွေတစ်ခုကိုတောင် ဖယ်ရှားလိုက်ဖို့အထိ သတိကပ်မနေခဲ့ဘူး။
စိတ်တွေဟာ ဒီအလှတရားတွေကိုသိမ်းဆည်းထားဖို့ကိုပဲဆန္ဒများနေခဲ့သည်။" အာ . . . Coffee "
သတိရတဲ့ချိန်မှာcoffeeတွေဟာ တော်တော်လေးအေးစက်နေလောက်ပြီ။
ကျစ်
ဒီနေ့လည်း Coffeeတွေကိုသွန်ပစ်လိုက်ရတော့မှာပဲ၊" ဒီမှာ . . . "
လက်ထဲကCoffeeဘူးကိုကြည့်ပြီးစိတ်ပျက်လက်ပျက်ဖြစ်နေသည့်တိုင် တစ်စုံတစ်ယောက်ဟာ လီဆာဘေးနားလာရပ်ပြီးပြောလာတဲ့စကားသံကြောင့်လှည့်ကြည့်လိုက်သည်။
" ဖယ်ပေးပါလား . . . မင်းထိုင်လိုက်လို့ တို့ပန်းချီဆွဲနေတဲ့မြင်ကွင်းကွယ်သွားပြီ "
ညာဖက်လက်မှာကိုင်ထားတဲ့စုတ်တံရယ်
ပန်းနုရောင်သမ်းနေတဲ့နှုတ်ခမ်းရဲ့ထောင့်စွန်းလေးမှာပေနေတဲ့ဆေးရောင်တချို့ရယ်ကြောင့် ဒီအမျိုးသမီးဟာပန်းချီဆွဲနေကြောင်း တကူးတကရှင်းပြဖို့မလိုပဲ လီဆာရိပ်မိလိုက်ပါသည်။
