ကျွန်တော်ငယ်ငယ်တုန်းက နှစ်ထပ်အိမ်လေးတစ်ဆောင်မှာ အဖေရယ် အမေရယ် နဲ့အတူနေကြတယ်
မိဘနှစ်ယောက်လုံးက အလုပ်တွေရှိတော့ ကျွန်တော် ကျောင်းကပြန်လာတိုင်း အိမ်မှာတစ်ယောက်တည်းနေရလေ့ရှိတယ်
ညနေခင်းတစ်ခုမှာ ကျွန်တော် အိမ်ပြန်ရောက်တော့ အိမ်ကမည်းမှောင်ပြီး တိတ်ဆိတ်နေတယ်
အမေရောက်နေလောက်ပြီ အထင်နဲ့ "အမေ!" လို့ ကျွန်တော်လှမ်းခေါ်လိုက်တယ်"ရှင်" ဆိုပြီးထူးတဲ့ အသံကျွန်တော်ကြားလိုက်ရတယ်
ကျွန်တော် အမေလို့ထပ်ခေါ်လိုက်တော့လည်း "ရှင်" လို့ထပ်ထူးပြန်တယ်
အဲဒါနဲ့ ကျွန်တော်လည်း အပေါ်ထပ်တက်ဖို့ဆုံးဖြတ်လိုက်ပြီး တက်သွားခဲ့လိုက်တယ်
ကျွန်တော် အပေါ်ထပ်ကိုရောက်တော့ လှေကားနဲ့ အဝေးဆုံးနေရာမှာရှိတဲ့ အခန်းကနေ "သားရေ" ဆိုပြီးခေါ်တယ်
ကျွန်တော့်စိတ်ထဲ တစ်မျိုးခံစားရပေမယ့် အမေ့ကိုတွေ့ချင်တာမို့ အဲအခန်းကို ဖြေးဖြေးချင်းလျှောက်သွားရင်း
အောက်ထပ်တံခါးကနေ အမေဝင်လာသံကြားလိုက်တယ် စျေးဝယ်ထွက်လာတဲ့အိတ်တွေအများကြီးကိုချနေတဲ့အသံ
"သားလေးရေ, အိမ်မှာလား?" လို့ အောက်ထပ်မှ အမေက ရွှင်ပျတဲ့အသံချိုချိုလေးနဲ့ ကျွန့်တော်ကိုခေါ်ရော
ကျွန်တော်လည်း အမေရောက်လာပြီဆိုတာသိမှ စိတ်သက်သာရာ ရသွားပြီး ချက်ချင်း အောက်ထပ်ကိုပြေးဆင်းဖို့လုပ်တယ်...
ဒါပေမယ့်...ကျွန်တော်အနောက်ကအခန်းကို တစ်ချက် လှမ်းကြည့်လိုက်တဲ့အခါ...တံခါးက ဖြေးဖြေးချင်းပွင့်လာပြီး...
ကျွန်တော် အဲမှာ ထူးဆန်းတာတစ်ခုတွေ့လိုက်ရတယ်
ဖြူရော်နေတဲ့မျက်နှာနဲ့ ကျွန်တော့်ကို စိုက်ကြည့်နေတာ...