[Zawgyi]
ကၽြန္ေတာ့္ အသက္၄ႏွစ္ေလာက္တုန္းက အဖြားအိမ္ကို
အလည္သြားခဲ့တယ္။ဧည့္ခန္းမွာ အိပ္ေပ်ာ္ေနတဲ့ ကၽြန္ေတာ့္ကို အိပ္ယာျပင္
ေပးေနတာ ဖြားဖြားက...ကၽြန္ေတာ္ တအားအိပ္ခ်င္ေနခဲ့တာ... ဒါေပမယ့္ ခနၾကာေတာ့ ကၽြန္ေတာ္နိုးသြားတယ္... ကၽြန္ေတာ့္အဖိုးကို ေတြ႕လိုက္တယ္။ကၽြန္ေတာ့္ အိပ္ယာေပၚမွာ ထိုင္လိုက္ၿပီး ျပဳံးျပေနတာ။
ကၽြန္ေတာ့္ေျခေထာက္ေလးကို ပြတ္ေပးၿပီးေတာ့
အဖိုးက သူ႔ရဲ့ အေပၚဂ်က္ကတ္အက်ႌကို ကၽြန္ေတာ့္ကို
ျခံဳေပးၿပီးေတာ့ အေရွ႕တံခါးကေနထြက္သြားခဲ့တယ္။အဖိုးဆုံးသြားခဲ့တာက ကၽြန္ေတာ္မေမြးခင္ အခ်ိန္တည္းကပဲ။ ကၽြန္ေတာ္ အဖိုးကို တစ္ခါမွ အျပင္မွာ မဆုံခဲ့ဖူးဘူး။
မနက္ေရာက္ေတာ့ လူႀကီးေတြကို ကၽြန္ေတာ္ညက
ျဖစ္ခဲ့တဲ့အေၾကာင္းကို ေျပာျပလိုက္ေတာ့ သူတို႔က
ရယ္ၾကတယ္။ ဒါေပမယ့္ ကၽြန္ေတာ္ အဖြားကို အေသးစိတ္ရွင္းျပလိုက္တယ္ "အဖိုးက Flannel ရွပ္အက်ႌ ,
ေဘာင္းဘီသိုင္းႀကိဳးနဲ႔ ဝတ္ထားတာ"အားလုံးက ကၽြန္ေတာ္ေျပာတဲ့ပုံျပင္ကို ရီေနၾကတုန္းပဲ...
"ၿပီးေတာ့အဖိုးက ကၽြန္ေတာ့္ကို သူရဲ့ဂ်ာကင္အက်ႌကို
ျခဳံေပးသြားေသးတာ" ကၽြန္ေတာ္ေျပာရင္း အဖြားကို
လွည့္ၾကည့္လိုက္ေတာ့ အဖြားမ်က္ႏွာက ျဖဴေလ်ာ္ေနတယ္... မ်က္ရည္ေတြတစ္ျဖည္းျဖည္း စီးက်ရင္း
အားလုံးလည္း တိတ္ဆိတ္ၿပီး ၿငိမ္သြားၾကတယ္။ၿပီးေတာ့ ကၽြန္ေတာ္တို႔ဒီအေၾကာင္းကိုဆက္မေျပာျဖစ္ၾကေတာ့ဘူး။
ကၽြန္ေတာ္ေသခ်ာတယ္ တျခားသူေတြဘာပဲေျပာေျပာ
အဖြားသိေနတယ္ အဖိုးတကယ္လာခဲ့တယ္ဆိုတာ...[Unicode]
ကျွန်တော့် အသက်၄နှစ်လောက်တုန်းက အဖွားအိမ်ကို
အလည်သွားခဲ့တယ်။ဧည့်ခန်းမှာ အိပ်ပျော်နေတဲ့ ကျွန်တော့်ကို အိပ်ယာပြင်
ပေးနေတာ ဖွားဖွားက...ကျွန်တော် တအားအိပ်ချင်နေခဲ့တာ... ဒါပေမယ့် ခနကြာတော့ ကျွန်တော်နိုးသွားတယ်... ကျွန်တော့်အဖိုးကို တွေ့လိုက်တယ်။ကျွန်တော့် အိပ်ယာပေါ်မှာ ထိုင်လိုက်ပြီး ပြုံးပြနေတာ။
ကျွန်တော့်ခြေထောက်လေးကို ပွတ်ပေးပြီးတော့
အဖိုးက သူ့ရဲ့ အပေါ်ဂျက်ကတ်အင်္ကျီကို ကျွန်တော့်ကို
ခြုံပေးပြီးတော့ အရှေ့တံခါးကနေထွက်သွားခဲ့တယ်။အဖိုးဆုံးသွားခဲ့တာက ကျွန်တော်မမွေးခင် အချိန်တည်းကပဲ။ ကျွန်တော် အဖိုးကို တစ်ခါမှ အပြင်မှာ မဆုံခဲ့ဖူးဘူး။
မနက်ရောက်တော့ လူကြီးတွေကို ကျွန်တော်ညက
ဖြစ်ခဲ့တဲ့အကြောင်းကို ပြောပြလိုက်တော့ သူတို့က
ရယ်ကြတယ်။ ဒါပေမယ့် ကျွန်တော် အဖွားကို အသေးစိတ်ရှင်းပြလိုက်တယ် "အဖိုးက Flannel ရှပ်အင်္ကျီ ,
ဘောင်းဘီသိုင်းကြိုးနဲ့ ဝတ်ထားတာ"အားလုံးက ကျွန်တော်ပြောတဲ့ပုံပြင်ကို ရီနေကြတုန်းပဲ...
"ပြီးတော့အဖိုးက ကျွန်တော့်ကို သူရဲ့ဂျာကင်အင်္ကျီကို
ခြုံပေးသွားသေးတာ" ကျွန်တော်ပြောရင်း အဖွားကို
လှည့်ကြည့်လိုက်တော့ အဖွားမျက်နှာက ဖြူလျော်နေတယ်... မျက်ရည်တွေတစ်ဖြည်းဖြည်း စီးကျရင်း
အားလုံးလည်း တိတ်ဆိတ်ပြီး ငြိမ်သွားကြတယ်။ပြီးတော့ ကျွန်တော်တို့ဒီအကြောင်းကိုဆက်မပြောဖြစ်ကြတော့ဘူး။
ကျွန်တော်သေချာတယ် တခြားသူတွေဘာပဲပြောပြော
အဖွားသိနေတယ် အဖိုးတကယ်လာခဲ့တယ်ဆိုတာ...