[Zawgyi]
သူတို႔ေတြက လက္ေခ်ာင္းေတြစားၾကတယ္ လို႔ အေမက
ကၽြန္ေတာ့္ကို ေျပာခဲ့တယ္။ကၽြန္ေတာ္ အေမ့စကားကို နားေထာင္ခဲ့သင့္တာ...
ကၽြန္ေတာ္ အျပင္ထြက္ၿပီး မကစားခဲ့သင့္ဘူး။ကၽြန္ေတာ္ လမ္းေပ်ာက္သြားတယ္... အိမ္ျပန္လမ္းကို ရွာမေတြ႕ခဲ့ဘူး။
တျဖည္းျဖည္းနဲ႔ ေနအလင္းေရာင္က ေမွာင္စျပဳလာၿပီ။ကၽြန္ေတာ္ သစ္ေခါင္းအလြတ္ႀကီးတစ္ခုကို ေတြ႕ေတာ့
အဲ့ထဲကို ဝင္သြားလိုက္တယ္။
ကၽြန္ေတာ္အိပ္ေပ်ာ္သြားခဲ့တယ္။၁နာရီေလာက္ေနေတာ့ ကၽြန္ေတာ္နိုးသြားတယ္။ စိတ္ထဲမွာလန္႔ေနတာ... ဘာလို႔လဲဆိုေတာ့ ဒါဟာ တကယ္ျဖစ္ေနတာ... အိပ္မက္မဟုတ္ဘူး တကယ္ျဖစ္ေနခဲ့တာ ...
တကယ့္တကယ္ကိုျဖစ္ေနခဲ့တာ.... သစ္ေတာထဲမွာ ကၽြန္ေတာ္တစ္ေယာက္တည္းလမ္းေပ်ာက္ေနတာ...ကၽြန္ေတာ္ေအးၿပီး တုန္ေနၿပီ... အသံေတြၾကားလာတယ္ ဆူညံသံေတြ... တကယ္ကိုက်ယ္ေလာင္တဲ့ေအာ္သံေတြ
တကယ္႐ူးခ်င္စရာပဲ... ကၽြန္ေတာ္ၾကားေနရတာကိုေတာင္ လက္မခံနိုင္ဘူး။အသံေတြကတျဖည္းျဖည္းနဲ႔ ကၽြန္ေတာ့္နားကိုနီးကပ္လာသလိုခံစားရတယ္။
နီးသထက္ နီးလားတယ္... က်ယ္သထက္က်ယ္လာတယ္ အသံေတြက... ၿပီးေတာ့ ရပ္သြားေရာ။၁၅ မိနစ္ေလာက္ ဘာအသံမွကို မၾကားရေတာ့တာ။
ၿပီးေတာ့ထပ္ၾကားတယ္... အသံက တစ္ခုတည္းမဟုတ္ဘူး... အမ်ားႀကီးပဲ သစ္ေတာတစ္ခုလုံး ေလၽွာက္သြားေနတဲ့အသံေတြ.... သူတို႔ရဲ့ ေျခသံေတြကိုလည္း က်ယ္ေလာင္စြာ
ၾကားေနရတယ္။အဲ့ေျခသံေတြထဲက တစ္ခုက ကၽြန္ေတာ္ဝင္ပုန္းေနတဲ့ သစ္ေခါင္းႀကီးေရွ႕ကေန ျဖတ္သြားတယ္။
သူတို႔ေျခေထာက္ေတြက ဧရာမႀကီးမားတဲ့ ေျခေထာက္ႀကီးေတြ ကၽြန္ေတာ္ေတြ႕လိုက္ရတယ္။သူတို႔ေျခေထာက္ေတြက တကယ္ကိုျပားခ်ပ္ေနၿပီးေတာ့ သူတို႔ရဲ႕အနီေရာင္ အျမႇီးေတြကလည္း ေလာင္ကၽြမ္းေနတဲ့မီးေတြအတိုင္းပဲ။
သူတို႔က...ျပာေတြ...အရိုးျပာေတြ...အေမွာင္ထဲမွာ လင္းေနတာ...
အသံေတြထပ္ရပ္သြားျပန္တယ္။ကၽြန္ေတာ္အရမ္းေၾကာက္လာၿပီး ငိုလိုက္ေရာ...
ဒါေတြၿပီးသြားေတာ့ သူတို႔ကၽြန္ေတာ့္လက္ကို
ဆြဲလိုက္တယ္ဆိုတာပဲ မွတ္မိေတာ့တယ္။
အခုေတာ့ ကၽြန္ေတာ္ ဘယ္ေတာ့မွလည္း စာေတြထပ္ေရးနိုင္မွာ မဟုတ္ေတာ့ဘူး။[Unicode]
သူတို့တွေက လက်ချောင်းတွေစားကြတယ် လို့ အမေက
ကျွန်တော့်ကို ပြောခဲ့တယ်။ကျွန်တော် အမေ့စကားကို နားထောင်ခဲ့သင့်တာ...
ကျွန်တော် အပြင်ထွက်ပြီး မကစားခဲ့သင့်ဘူး။ကျွန်တော် လမ်းပျောက်သွားတယ်... အိမ်ပြန်လမ်းကို ရှာမတွေ့ခဲ့ဘူး။
တဖြည်းဖြည်းနဲ့ နေအလင်းရောင်က မှောင်စပြုလာပြီ။ကျွန်တော် သစ်ခေါင်းအလွတ်ကြီးတစ်ခုကို တွေ့တော့
အဲ့ထဲကို ဝင်သွားလိုက်တယ်။
ကျွန်တော်အိပ်ပျော်သွားခဲ့တယ်။၁နာရီလောက်နေတော့ ကျွန်တော်နိုးသွားတယ်။ စိတ်ထဲမှာလန့်နေတာ... ဘာလို့လဲဆိုတော့ ဒါဟာ တကယ်ဖြစ်နေတာ... အိပ်မက်မဟုတ်ဘူး တကယ်ဖြစ်နေခဲ့တာ ...
တကယ့်တကယ်ကိုဖြစ်နေခဲ့တာ.... သစ်တောထဲမှာ ကျွန်တော်တစ်ယောက်တည်းလမ်းပျောက်နေတာ...ကျွန်တော်အေးပြီး တုန်နေပြီ... အသံတွေကြားလာတယ် ဆူညံသံတွေ... တကယ်ကိုကျယ်လောင်တဲ့အော်သံတွေ
တကယ်ရူးချင်စရာပဲ... ကျွန်တော်ကြားနေရတာကိုတောင် လက်မခံနိုင်ဘူး။အသံတွေကတဖြည်းဖြည်းနဲ့ ကျွန်တော့်နားကိုနီးကပ်လာသလိုခံစားရတယ်။
နီးသထက် နီးလားတယ်... ကျယ်သထက်ကျယ်လာတယ် အသံတွေက... ပြီးတော့ ရပ်သွားရော။၁၅ မိနစ်လောက် ဘာအသံမှကို မကြားရတော့တာ။
ပြီးတော့ထပ်ကြားတယ်... အသံက တစ်ခုတည်းမဟုတ်ဘူး... အများကြီးပဲ သစ်တောတစ်ခုလုံး လျှောက်သွားနေတဲ့အသံတွေ.... သူတို့ရဲ့ ခြေသံတွေကိုလည်း ကျယ်လောင်စွာ
ကြားနေရတယ်။အဲ့ခြေသံတွေထဲက တစ်ခုက ကျွန်တော်ဝင်ပုန်းနေတဲ့ သစ်ခေါင်းကြီးရှေ့ကနေ ဖြတ်သွားတယ်။
သူတို့ခြေထောက်တွေက ဧရာမကြီးမားတဲ့ ခြေထောက်ကြီးတွေ ကျွန်တော်တွေ့လိုက်ရတယ်။သူတို့ခြေထောက်တွေက တကယ်ကိုပြားချပ်နေပြီးတော့ သူတို့ရဲ့အနီရောင် အမြှီးတွေကလည်း လောင်ကျွမ်းနေတဲ့မီးတွေအတိုင်းပဲ။
သူတို့က...ပြာတွေ...အရိုးပြာတွေ...အမှောင်ထဲမှာ လင်းနေတာ...
အသံတွေထပ်ရပ်သွားပြန်တယ်။ကျွန်တော်အရမ်းကြောက်လာပြီး ငိုလိုက်ရော...
ဒါတွေပြီးသွားတော့ သူတို့ကျွန်တော့်လက်ကို
ဆွဲလိုက်တယ်ဆိုတာပဲ မှတ်မိတော့တယ်။
အခုတော့ ကျွန်တော် ဘယ်တော့မှလည်း စာတွေထပ်ရေးနိုင်မှာ မဟုတ်တော့ဘူး။