Find Me (Z+U)

18 0 0
                                    

[Zawgyi]
ကစားနေကြတယ်

(သားက လက်ခုပ်တီးရမယ်)

အဖေက မီးဖိုချောင်မှာရှာတယ် စင်္ကြံမှာ ရှာတယ် အိပ်ခန်းတွေမှာ ရှာတယ်








အဲဒီ့နောက် သားလေးက စင်္ကြံတလျှောက်

[Unicode]
အဖေနဲ့ သားနဲ့ နှစ်ယောက်က တူတူပုန်းတမ်း
ကစားနေကြတယ်

အဖေက လိုက်ရှာတိုင်း သားလေးပုန်းတဲ့ နေရာရဲ့
တဖြည်းဖြည်းဝေးတဲ့ နေရာတွေမှာပဲ ရှာနေတာ
(သားက လက်ခုပ်တီးရမယ်)

အဖေက မီးဖိုချောင်မှာရှာတယ် စြင်္ကံမှာ ရှာတယ် အိပ်ခန်းတွေမှာ ရှာတယ်

ဒါပေမယ့် သူ့သားကို မတွေ့ဘူး

အဖေက လက်ခုပ်တီးသံကို အပေါ်ထပ်က ကြားတော့ ဖြေးဖြေးချင်း တက်သွားရော

လှေကားထစ်တွေရဲ့ အပေါ်ဆုံးအဆင့်ကို ရောက်တဲ့အခါ အဖေက လက်ခုပ်တီးသံ နောက်တစ်ချက် ထပ်ကြားတယ်

အဓိကအိပ်ခန်းမဆောင်ဘက်ကပေါ့

အခန်းထဲကို ဝင်လိုက်တဲ့အခါမှာလည်း လက်ခုပ်တီးသံ
အဝတ်ဗီရိုထဲက ထပ်ကြားပြန်ရော

သူဗီရိုရဲ့ တံခါးရှေ့ကို ရောက်သွားတဲ့အခါ ဗီရိုထဲကနေ
လက်ခုပ်ထပ်တီးပြန်တယ်

သူတံခါးကို အမြန်ပဲ ဆွဲဖွင့်လိုက်တယ် ဒါပေမဲ့ ဘာမှမရှိဘူး

အဲဒီ့နောက် သားလေးက စြင်္ကံတလျှောက်
လက်ခုပ်တီးပြေးလာပြီး "အဖေရှုံးသွားပြီ သားက အောက်
ထပ်က ရေချိုးခန်းမှာ ပုန်းနေတာ"

Short Stories Collection Where stories live. Discover now