[Zawgyi]
ကျွန်မရဲ့ ဝမ်းကွဲညီမလေးက Indiaကနေ ဒီကို
ပြောင်းလာတာ မကြာသေးဘူး။အမေရိကကို ရှာဖွေစူးစမ်းပြီး လျှောက်သွားနေတုန်း Indiaနဲ့ Americaက သရဲပုံစံတွေ မတူကြောင်း
ဟာသတွေပြောပြီး ရီနေကြတာ။ အဲ့လိုရီနေရင်း ကျွန်မက သူ့ကိုမေးလိုက်တယ်... သဘာဝလွန်ကိစ္စတွေနဲ့
ပတ်သတ်ပြီး ကြုံဖူးလားလို့။အဲ့အချိန်ကစပြီး သူမမျက်လုံးတွေကျယ်လာပြီး ပြတင်းပေါက်ကို မျက်နှာလွှဲပြီး ကြည့်နေတာကို တွေ့လိုက်ရတယ်။
ခဏတာ တိတ်ဆိတ်သွားခဲ့တယ်... သူမက ညင်ညင်သာသာလေး "အင်း...နည်းနည်း...မဟုတ်ဘူး...တစ်ခါတော့ကြုံဖူးတယ်" လို့ပြန်ဖြေတယ်။"ကျွန်မ College ဒုတိယနှစ်တုန်းက မိန်းကလေးသီးသန့် ဘော်ဒါဆောင်တစ်ခုမှာ နေခဲ့တယ်။ သူငယ်ချင်းတွေလည်း အများကြီးရခဲ့တယ်။ ကျွန်မတို့ရဲ့ ရှေးရိုးစွဲမိဘတွေရဲ့ ဝေးရာမှာ ကျောင်းတက်နေရလို့ ပျော်နေခဲ့ကြတာ။
ဘော်ဒါဆောင်မှာ တကယ်ပျော်စရာကောင်းခဲ့တယ်။ဒါပေမဲ့ အဆောက်အအုံက တော်တော်လေးတော့
အိုဟောင်းနေပြီ။ လျှပ်စစ်မီးတွေကလည်း အိပ်ခန်းတွေမှာပဲ ရတယ်။ တစ်ခါတစ်လေ အစောင့်တွေရှိရင် ပြတင်းပေါက်တွေနဲ့ လမ်းတစ်လျှောက်မှာ ဖယောင်းတိုင်မီးတွေ ထွန်းထားလေ့ရှိတယ်။ပုံမှန်လို အစောင့်တွေမရှိတဲ့အခါဆိုရင်တော့ မင်းအခန်းထဲက ထွက်သွားရင် အမှောင်ထုကြီးပဲ မြင်ရလိမ့်မယ်။ မင်း သန့်စင်ခန်းတွေဘာတွေ သွားချင်ရင်တော့ တစ်ယောက်ယောက်ကိုနိုးပြီးတော့မှ သွားရမှာ။
တစ်ညမှာ...ကျွန်မ သန့်စင်ခန်းကိုတအားသွားချင်နေခဲ့တာ။ မနက်၎နာရီအချိန်လောက်ရှိမယ်... ကျွန်မသူငယ်ချင်းတစ်ယောက် အိပ်ယာနားသွားပြီး သူ့လက်မောင်းကိုလက်နဲ့တို့ပြီး နိုးလိုက်တယ်။
သူမချက်ချင်းနိုးသွားတယ်..."နင့်ကိုနှောက်ယှက်ရလို့ တောင်းပန်ပါတယ် ငါအပေါ့သွားမှဖြစ်တော့မှာမို့လို့ပါ"လို့ ကျွန်မပြောလိုက်တယ်။ သူမပြုံးပြပြီးတော့ ကုတင်ပေါ်ကနေ ဆင်းလိုက်တယ်။
စင်္ကြံတလျှောက်လုံး သူမက ရယ်မောပြီး ကခုန်နေခဲ့တယ်။ ကျွန်မသူမကို မမြင်ရတော့ဘူး... ဒါပေမယ့် သူမလက်နဲ့ ချိတ်ထားတော့ မပျောက်သွားဘူးလေ။ သူမ
ကျွန်မကို စကားတစ်ခွန်းမှ မပြောဘူး။ ခဏနေတော့ သူမ Bollywoodသီချင်းကို တိုးတိုးလေးဆိုနေတာ ကြားရတယ်။