part (1) - Between 20 seconds(Z+U)

253 19 6
                                    

နွးထွေးတဲ့အပြုံးတွေက..
အားအင်တစ်ခုဖြစ်စေတယ်...

မှောင်ရီပျိုးနေသည့်အချိန်
SM entertainment လို့နာမည်တပ်ထားတဲ့ အဆောက်အအုံအောက်က တခါးဝလေးမှာ စိတ်လှုပ်ရှားမှုတွေနဲ့ ရပ်နေသည့် ကောင်လေးတစ်ယောက်...
သူဟာ SM ကကျင်းပတဲ့ audition အောင်လို့ Trainer အဖြစ် ကမ်းလှမ်းခံခဲ့ရတဲ့ကောင်လေးပေါ့....

" လာ...ဝင်ပါ....."

ဘေးက တာဝန်ရှိသူအစ်ကိုတစ်ယောက်က တံခါးလေးဖွင့်ရင်းခေါ်တော့ သူခေါင်းညိမ့်ပြုံးရင်း ဝင်လာခဲ့သည်။
အဆောက်အအုံအတွင်းက ပြင်ဆင်မှုတွေက တောက်ပလွန်းပြီး အောင်မြင်မှုနဲ့ထိုက်တန်တဲ့ ထည်ဝါမှုတွေက ကောင်လေးပါးစပ်ကို အဟောင်းသားဖြစ်သွားစေသည်။

" အရင်ဆုံး အကတိုက်တဲ့ နေရာကို သွားကြမယ်နော်..."

အရှေ့ကနေဦးဆောင်ခေါ်သွားတဲ့အစ်ကိုက ဓာတ်လှေကားခလုတ်လေးကိုနှိပ်ရင်းပြောတော့ သူခေါင်းညိမ့်သာဖြေလိုက်မိသည်။
ဓာတ်လှေကားတံခါးပွင့်သွားပြီး နှစ်ယောက်သားဝင်လာခဲ့ပီးတော့ အကတိုက်ရမဲ့ အခန်းရှိတဲ့ အထပ်လေးကို စိတ်လှုပ်ရှားမှုတွေနဲ့ တက်လာခဲ့သည်။

တီ.....
ဆိုတဲ့ အသံလေးနောက် တံခါးလေးပွင့်လာတော့ အဖြူရောင်တွေနဲ့ အမည်းရောင်တွေသာ ခြယ်လှယ်ထားတဲ့ စင်္ကြ့နေရာလေးက စောင့်ကြိုနေသည်။

လက်ထဲက ခရီးဆောင်အိတ်ကြိုးလေးကိုကျစ်နေအောင်ဆုပ်ကိုင်ရင်း..တာဝန်ခံအစ်ကိုနောက် လိုက်ပါလာခဲ့သည်။

အခန်းတစ်ခန်းရှေ့မှာ ရပ်လိုက်တော့..ကြားနေရတဲ့ တိုးရှရှသီချင်းသံတွေနဲ့ အကတိုက်နေတဲ့ အသံတွေက ကောင်လေးကို ပိုပြီး ရင်ခုန်နှုန်းမြန်စေသည်။
တံခါးလေးကိုဖွင့်ရင်း ဝင်လာတော့ သီချင်းသံလေးလည်းရပ်ပြီး တစ်ခန်းလုံးကလူတွေရဲ့အကြည့်က ကောင်လေးနဲ့ တာဝန်ခံဆီမှာသာ..

" အစ်ကို...သူက နောက်ဆုံး trainer..
ဗြောင်ဘတ်ခ်ဟျွန်းတဲ့... အကူအညီပေးပါအုံးနော်..."

ကောင်လေးတွေတန်းစီနေတဲ့ အရှေ့က လူတစ်ယောက်ဆီကိုခေါ်သွားပြီးသူ့နာမည်မိတ်ဆက်ပေးတော့ ခါးလေးကို 90°ချိုးရင်း အရိုအသေပေးကာ နှုတ်ဆက်လိုက်သည်။

❤ You & Me Forever...❤Where stories live. Discover now