Tranning ကာလ ပြီးဆုံးပြီမို့ debut songအတွက်
ပြင်ဆင်ရဖို့ကာလသို့ရောက်လာလေပြီ...ဘတ်ခ်ဟျွန်းမုန်းလှသည့် ဆောင်းရာသီ ကြီးကိုကျော်လွန်ပြီး ချန်းယောလ်မုန်းလှသည့် နွေရာသီသို့ကူးပြောင်းလာလေသည်။
သူတို့အဖွဲ့ကို EXO ဟုနာမည်ပေးပြီး မန်ဘာ၁၂ယောက်လုံးကိုလည်းမီဒီယာသို့ မိတ်ဆက်ပေးပြီးပြီဖြစ်သည်။
Debut song က 'MAMA'....
ခံစားချက်နဲ့သရုပ်ဆောင်ရမည့် သီချင်းဖြစ်သည့်အလျှောက် ကကွက်တွေကလည်း အားပြင်းကာမြန်ဆန်လှသည်။Training ကာလမှာ အဆင်ပြေချောမွေ့ခဲ့သည့်အလျောက် debutခံနီးမှ အခက်အခဲတွေများလာရသည်။
ညအိပ်ချိန်နည်းနည်းနှင့်တနေကုန် လေ့ကျင့်ခဲ့ရသည့်ရက်တွေများတော့ လူကပင်ပန်းပြီး လက်လျှော့ချင်စိတ်တွေပေါက်လာတာအမှန်ပင်....ညကလည်း ချန်းယောလ်နဲ့အတူ သီချင်းရေးကြရင်း အိပ်ရာဝင်နောက်ကျခဲ့ရသည်မို့ သူ့အိပ်ချိန်က ၄နာရီတောင်မပြည့်...
ချန်းယောလ်လည်းသူနဲ့ထပ်တူ အိပ်ရေးပျက်ခံနေရသည်။
သူတို့နှစ်ယောက်မှမဟုတ် မန်ဘာတိုင်းလိုလိုဖြစ်သည်။တီ..တီ...တီ...
" ရား......"
ကုတင်ခေါင်းရင်းမှ မရပ်မနားမြည်နေသည့် phone alarmသံကြောင့် ခေါင်းကုတ် မျက်နှာကုတ်ရင်းခေါင်းထောင်ကာ ဘေးတွင်မှောက်လျက်ကားယားကြီးအိပ်နေသော ချန်းယောလ်ကို ပုတ်ကာနှိုးလိုက်သည်။
" ချန်းညောလ်လီ.....ထတော့....."
ပျင်းတွဲံတွဲလေသံတိုးတိုးက အိပ်မက်ထဲကမထွက်သေးသောချန်းယောလ်နားထဲသို့လေပင်တိုးပုံမပေါ်....
မှောက်ရက်ကနေ တုပ်တုပ်မျှမလှုပ်...မြည်နေဆဲ ဖုန်းကိုလက်မြှောက်စမ်းကာ ယူပိတ်ပြီး ဆံပင်တွေကိုထိုးဖွလျက် ဘတ်ခ်ဟျွန်းထ ထိုင်လိုက်သည်။
ပါးပြင်ထက်က သွားရေစီးကြောင်းကို လက်ခုံနဲ့ပွတ်ကာသုတ်ရင်း အိပ်နေသေးသည့်ချန်းယောလ်ကို မှုန်သုံသုံနဲ့ကြည့်နေလိုက်သည်။
မျက်လုံးတဖက်က ခေါင်းအုံးထဲမြုပ်နေပြီး နှာခေါင်းကြီးကြီးနဲ့ နှုတ်ခမ်းဖူးဖူးလေးက ထော်ထွက်နေကာ ခုထိအိပ်နေဆဲပင်...
YOU ARE READING
❤ You & Me Forever...❤
Fanfictionချန်းယောလ်လီနဲ့ ဘတ်ခ်ဟျွန်းနီး တို့ရဲ့ Momentsလေးတွေကို အခြေခံပြီး ရေးတဲ့ ficလေးပါ... ချန်းယောလ်လီန့ဲ ဘတ်ခ်ဟျွန်းနီး တို့ရ့ဲ Momentsလေးတွေကို အခြေခံပြီး ရေးတ့ဲ ficလေးပါ...