Part (4)- A day with stress (4.2) Z+U

130 18 2
                                    

ချန်းယောလ်နဲ့ တခြားမန်ဘာတွေရဲ့ကူညီမှုကြောင့် ဘတ်ခ်ဟျွန်းချောချောမွေ့မွေ့နဲ့ ဆရာလိုချင်တဲ့အသံအနေအထားကို ရခဲ့သည်။

Vocal ပိုင်းမှာ အဆူခံရပီးသည့်နောက်..Dance practice အချိန်တွင်ထပ်အဆူခံရပြန်သည်။
အရင်ကဆို ဘလိုဆူဆူ ခေါင်းထဲမထည့်ဘဲ ပေါ့ပေါ့ပါးပါးနေတတ်သည့်ဘတ်ခ်ဟျွန်းက ဒီနေ့မှ စိတ်ဓာတ်ပျော့ညံ့သည့်ကလေးတစ်ယောက်လို တခါအဆူခံပြီးတာနဲ့ တခြားဘာလုပ်လုပ်အဆင်မပြေဖြစ်လာသည်။

ရာသီစက်ဝိုင်းလည်ပတ်မှုက ဆောင်းရာသီကိုတဖန်ရောက်ခံနီးလို့ အအေးကြောက်တဲ့ဘတ်ခ်ဟျွန်းကိုကယောင်ခြောက်ခြားတွေဖြစ်စေတာလား...
Debutခံနီးလို့ Fanတွေနဲ့တွေ့ရမှာမို့ဘဲ စိတ်တွေလှုပ်ရှားနေတာလား...
နောက်ဆုံးဖြစ်နိုင်ချေရှိတာတစ်ခုက ဘတ်ခ်ဟျွန်း အရမ်းပင်ပန်းနေပြီးသူ့အိမ်မက်ကိုစွန့်လွှတ်ချင်နေတော့တာဖြစ်နိုင်သည်။

MAMA အတွက် အကတိုက်နေခြင်းက ဒီနေ့နဲ့ဆို အချောသတ်ရမည့်အချိန်ရောက်နေပြီဖြစ်သည်။
အရင်ရက်တွေကတော့ဘတ်ခ်ဟျွန်းအတွက်အဆင်ပြေချော့မွတ်ပေမဲ့ ဒီနေ့လို စိတ်ဓာတ်ပျော့ညံ့နေသည့်အချိန်မှာတော့ ကကွက်တခုချင်းစီတိုင်းရဲ့ခက်ခဲမှုက သူ့ကိုသခွားသီးအတင်းစားခိုင်းနေသလိုပင်...

ဘယ်လက်မြှောက်ရင် ညာလက်ကပါ ပါလာသည်။ထိုင်ရမည့်နေရာဆို မထိုင်နိုင်ဘဲရပ်နေသည်။အားပြင်းပြင်းကရမည့်နေရာဆို သူ့ ကပုံက ထမင်း၇ရက်မစားထားသလို အားမရှိသလိုဖြစ်နေသည်။

စိတ်မပါဘဲကနေသည့်သူ့ပုံစံကို trainer က ကြည့်ပြီး ဒေါသထွက်နေသည်ထင်ပါ့..သချင်းဖွင့်ထားသည်ကို ဆောင့်အောင့်ကာပိတ်ရင်း ဘတ်ခ်ဟျွန်းကိုခါးထောက်ကြည့်ကာ

" တပုဒ်လုံးမရမချင်း အဆောင်မပြန်ရဘူး!
သူများတွေပြန်လည်း မင်းတစ်ယောက်တည်းနေပြီး ဆက်ကျင့်...ပြန်ဖို့စိတ်မကူးနဲ့!"

ပြောပြီးသချင်းပြန်ဖွင့်တော့ တခြားသူတွေက trainer ကိုကြောက်ပြီး ဆက်ကကြပေမဲ့ သူကတော့ Dance trainer ၏ အမိန့်အောက် တောင့်တောင့်ကြီးရပ်ကာငိုင်နေမိသည်။

" ဘာလုပ်နေတာလဲ! ကလေ!"

ချွေးများရွှဲကာ မောပန်းနေသည့်ကြားက သူဆက်ကနေမိည်။
တစ်ယောက်တည်းကျန်ခဲ့လို့မဖြစ်ဖူး...
မန်ဘာတွေအကုန်ဘေးမှာရှိတာတောင် သူစိတ်တွေပျံ့လွင့်နေတာ..ဘေးမှာဘယ်သူမှမရှိချိန်ဆို သူရူးပြီး မလုပ်သင့်တာတွေလုပ်မိမလား မပြောနိုင်ဘူး...

You've reached the end of published parts.

⏰ Last updated: Jan 02, 2021 ⏰

Add this story to your Library to get notified about new parts!

❤ You & Me Forever...❤Where stories live. Discover now