ထမင်းစားချိန်မို့Jkတို့ထုံးစံအတိုင်းမှောက်အိပ်နေလေရဲ့သိပ်ပင်မကြာတစ်ယောက်ယောက်လာလှုပ်နိုးတာကြောင့်ထလိုက်တော့Jimin
"Jk....hopeရန်ဖြစ်နေတယ်။"
"ဘယ်သူနဲ့လဲ။ဘယ်ကကောင်လဲ။"
Jkလည်းရန်မဖြစ်တာကြာပြီဆိုတော့သွေးဆူလာတယ်။
"စီနီယာတန်းခွဲBက....."
"နေရာပဲပြော"
"ကျောင်းဆောင်အသစ်မှာ"
"အေးငါသွားပြီ။"
Jkလည်းခုံပေါ်ကထလိုက်ပြီးအပေါ်ကုတ်ချွတ်ပြီးထားခဲ့လိုက်သည်။ညစ်ပတ်မှာစိုးလို့လေ။သူတို့ကအဆောင်မှာနေတာကိုယ်တိုင်လျှော်ရတာ။ကျောင်းကစည်းကမ်းကြီးသည်။Jkလည်းကျောင်းဆောင်အသစ်ကိုလျှောက်လာလိုက်သည်။တွေ့ပါပြီ။1ယောက်5ယောက်ချနေရတယ်။
"ရပ်စမ်း။မင်းတို့ဘာသဘောလည်း"
"မင်းဝင်ပါပြန်ပြီ။"
စီနီယာHanကစိတ်မရှည်သလိုပြောတာကြောင့်Jkလည်းမဲ့ပြုံးပြုံးလိုက်ပြီး
"စရအောင်။စကားမများနဲ့။"
Jkတို့ပွဲကောင်းကောင်းကြုံခဲ့ရသည်။တစ်ခဏအတွင်းပျော်ပျော်ကြီးအနိုင်ယူနိုင်ခဲ့သလိုပျော်ပျော်ကြီးရုံးခန်းရောက်ခဲ့သည်။Jhopeနဲ့ကျန်တဲ့သူတွေကတော့ခံဝန်ကတိထိုးပြန်သွားပေမယ့်ပေကပ်နေသူကJk
"မင်း...တို့အဖေကိုခေါ်ရမလား။Jk"
ဆရာကြီးပြောတာကိုဂရုစိုက်သည့်ပုံမပေါ်သည့်Jkအားဆရာကြီးဒေါသထွက်မိသည်မှာအမှန်။သို့သော်Jkအဖေကကျောင်းရဲ့ထောက်ပံသူဖြစ်တာကြောင့်ကျောင်းထွက်ရမည်တော့မဟုတ်ပေ။
"ဆရာကြီးသဘော.....လုပ်ချင်တာလုပ်။"
"ငါပြောတာနားထောင်ခိုင်းနေတယ်လေ။"
Jkကတော့ဂရုစိုက်သည့်ပုံမပေါ်။
"ဆရာကြီး....ဝင်လာခဲ့မယ်နော်။"
အပြင်ကအသံကြောင့်Jkရောဆရာကြီးကောလှည့်ကြည့်လိုက်သည်။
"အော်.....လာလာ။Jkနေရာဖယ်ပေး"
"ဟဲ့ကောင်ဖယ်လို့ပြောတယ်မလား။"
ဆရာကြီးပြောနေသည်ကိုကြားသည့်ပုံပင်မပေါ်။Jkကတော့ထိုလူဆီမှအကြည့်မခွာနိုင်။
YOU ARE READING
You are my Teacher(complete)
Romanceဆရာကသိပ်လှတာပဲ။မိန်းကလေးတွေထက်ပိုလှတယ်။ မင်းကသိပ်ဆိုးတဲ့ကျောင်းသားပဲ။မင်းကငါ့ကိုစားဖို့ပဲကြံနေတာလား။