ဒေါက်...ဒေါက်...ဒေါက်
"အော် အမေ"
"သား နေမကောင်းဘူးလားသား"
ဋ
"ကောင်းပါတယ်အမေရဲ့ ဘာလို့လဲ""အော် မနက်အပြင်ကပြန်လာပြီးကတည်းက အခန်းထဲအောင်းနေလို့လေ"
"သားအိပ်နေလို့ပါ ဒါနဲ့အမေရောဆေးသောက်ပြီးပြီလား"
"သောက်ပြီးပါပြီသားရယ်"
"ဟုတ် အမေသားကိုဘာပြောစရာရှိလို့လဲဟင်"
"အော် မနက်ဖြန်ကျရင် naeunမိဘတွေ့နဲ့တွေ့ပြီး မင်္ဂလာကိစ္စဆွေးနွေးကြမလို့ အဲ့တာသားပါလိုက်ခဲ့ရမယ်နော် naeunလေးကလဲသားနဲ့တွေ့ချင်နေတာ"
"ဟုတ်...ဟုတ်ကဲ့ပါအမေ"
"အမေကတော့မင်္ဂလာပွဲမြန်မြန်လုပ်စေချင်တယ်"
"ဘာလို့အဲ့လောက်လောနေရတာလဲအမေရယ် သားကထွက်ပြေးမှာမို့လို့လား"
"ြမန်မြန်ေြမးချီချင်လို့ပါသားရဲ့"
"ဟာ အမေကလဲဗျာ"
"ဟား ဟား ငါ့သားလေးရှက်သွားပြီ"
"အမေကအဲ့တာလာပြောတာပါ မနက်ဖြန်ထမင်းစားြပီးချိန်လောက်အမေတို့သွားကြမယ် နော်သား"
"ဟုတ် အမေ"
******************************
"မမကြီး hyungwon အေြခအနေဘယ်လိုလဲ"
"ဘယ်လိုရမှာလဲ ငါ့သားကဘယ်တုန်းကငါ့စကားကိုလွန်ဆန်ဖူးလို့လဲ"
"ဒါဆို သူဟိုကောင်လေးနဲ့ဇာတ်လမ်းပြတ်သွားပြီထင်တယ်"
"ြပတ်ရမယ်လေ အဓိကကအဲ့ကောင်နဲ့ငါ့သားနဲ့ပြတ်ဖို့ပဲ"
"မင်္ဂလာပွဲကိုအမြန်စီစဉ်လိုက်ရတာလဲ အဲ့ကောင်ကြောင့်ပဲ""ဒီကိစ္စတွေကိုသာ တူလေးသိသွားရင် မမကြီးကိုစိတ်ဆိုးမလားမသိဘူးနော်"
"ဆိုးလည်းမတက်နိုင်ဘူး ငါကတော့ငါလုပ်သင့်တာလုပ်ရမှာပဲ အဲ့ကောင်ကြောင့်တသက်လုံးငါ့စကားကိုေြမ၀ယ်မကျနားထောင်ခဲ့တဲ့ငါ့သားက ငါ့ကိုပြန်ခံပြောခဲ့တာ နောက်ဆုံးပြောမရတဲ့အဆုံးငါ့နှလုံးရောဂါကိုပဲအသုံးချပြီး ငါ့ဘက်ပါလာအောင်လုပ်ခဲ့ရတာ"
"အဲ့တာကြောင့်ဖြစ်နိုင်ရင်မင်္ဂလာပွဲကိုအခုချက်ချင်းတောင်စီစဉ်လိုက်ချင်တာ ဒါမှငါစိတ်အေးရမှာ"

YOU ARE READING
You are Mine (Complete)
Short Storyမင်းကိုဒီအတိုင်းလွယ်လွယ်နဲ့လွှတ်ပေးမယ်လို့ထင်နေတာလား Lee Minhyuk × Chae Hyungwon