2ပတ်ခန့်ကြာသော်....
"ဟယ်လို minhyuk နောက်အပတ်စနေေန့hyungwon မင်္ဂလာဆောင်တဲ့မင်းသိပြီးပြီလား"
"အင်း...သိပြီးပြီ"
သူ့အသိတစ်ယောက်ကနေတစ်ဆင့်hyungwonသတင်းကိုကြားလိုက်တာမို့လို့ kihyunချက်ချင်းပဲminhyukဆီဖုန်းဆက်ပြီးမေးကြည့်လိုက်တယ်။ဒါပေမဲ့ဖုန်းထဲကနေသူ့ကိုပြန်ဖြေတဲ့minhyukရဲ့အသံကအရမ်းငြိမ်နေတာကြောင့်ထူးဆန်းမိသွားတယ်။
ဟိုတစ်နေ့ကတင် hyungwonသူဖုန်းဆက်တာကိုမကိုင်လို့သောင်းကျန်းနေခဲ့တာမဟုတ်ဘူးလား...။"မင်းဘယ်လိုသိတာလဲ"
"သိတာပေါ့ကွာ သူကသာငါ့ကိုအဆက်အသွယ်ဖြတ်ထားတာ ငါကသူ့ကိုအမြဲစောင့်ကြည့်နေတာလေ"
"မင်း..မင်း ဘာမှမဖြစ်ဘူးလား"
အရမ်းတည်ငြိမ်နေတဲ့minhyukကြောင့်kihyunမေးလိုက်ခြင်းဖြစ်တယ်။
"ငါကဘာဖြစ်ရမှာလဲ သူ့မင်္ဂလာပွဲကနောက်အပတ်ဖြစ်ဖြစ်ဘာဖြစ်ဖြစ်ငါဂရုမစိုက်ဘူး ဘာလို့လဲဆိုတော့ အချိန်တန်ရင်သူ့ကိုငါပဲအပိုင်ရမှာမို့လို့လေ ဟက်!"
"ငါလုပ်စရာလေးတွေရှိနေလို့ ဖုန်းချလိုက်တော့မယ် ဒါပဲ""ဟေ့ကောင် မင်း..ဟယ်လို minhyuk ဟယ်လို"
Minhyuk ကတော့ပြောချင်တာတွေပြောပြီးဖုန်းချသွားပေမဲ့ စိတ်ပူပြီးကျန်နေခဲ့ရတာကkihyun
minhyukအကြောင်းကိုသိနေတာမို့လို့ minhyukတစ်ခုခုလုပ်တော့မယ်ဆိုတာလဲ သူ့စိတ်ထဲကအလိုလိုသိနေခဲ့တယ်။******************************
"minhyukဆီကအဆက်အသွယ်မရတာ3ရက်ရှိနေပြီ ဒီကောင်ဘာတွေလုပ်နေတာလဲ hyungwonရဲ့မင်္ဂဆောင်ကမနက်ဖြန်...မဟုတ်မှလွဲရော ဒီကောင် မင်္ဂလာပွဲကိုဖျက္မလို့များကြံနေတာလား ပြောလို့မရဘူး ဒီကောင်ကတဇွတ်ထိုးတဇောက်ကန်း မဖြစ်သေးပါဘူး ဒီကောင့်အိမ်လိုက်သွားမှဖြစ်တော့မယ်"
ဒေါက်...ဒေါက်...ဒေါက်
"ဟာ..အကို"
"အေး minhyukရှိလား"
"အကိုလေးမရှိဘူး အကို မနေကမနက်ကတည်းကထွက်သွားတာ အခုထိပြန်မလာသေးဘူး ဖုန်းလဲမကိုင်ဘူး"

YOU ARE READING
You are Mine (Complete)
Storie breviမင်းကိုဒီအတိုင်းလွယ်လွယ်နဲ့လွှတ်ပေးမယ်လို့ထင်နေတာလား Lee Minhyuk × Chae Hyungwon