(11) Final

57 6 1
                                        

Hyungwonနိုးလာတော့ပထမဆုံးမြင်ရတာကမျက်နှာကျတ်ဖြူဖြူ ဘေးကိုကြည့်လိုက်တော့ သူ့လက်ကိုကိုင်ကာကုတင်ပေါ်ခေါင်းမှောက်ပြီးအိပ်ပျော်နေတဲ့ minhyuk

နောက်လက်တစ်ဖက်နဲ့ဆံပင်လေးတွေကိုလှမ်းကိုင်လိုက်တော့ချက်ချင်းနိုးလာတယ်။

"hyungwon!! မင်းသတိရလာပြီ! ၀မ်းသာလိုက်တာ ငါ့ကိုမြင်ရလား? ဘယ်လိုနေသေးလည်း? အော် ဆရာ၀န်..."

minhyukဆရာ၀န်ခေါ်တဲ့ဘဲလ်တီးလိုက်တော့ဆရာ၀န်တွေရောက်လာပြီးhyungwonကိုစစ်ဆေးကြတယ်။

"လူနာကသတိရလာပြီဆိုတော့ဘာစိုးရိမ်စရာမှမရှိတော့ပါဘူး"

"ဟုတ် ကျေးဇူးတင်ပါတယ်ဆရာ"

ဆရာ၀န်တွေထွက်သွားတော့minhyukလည်းhyungwonအနားကိုအမြန်ပြန်သွားလိုက်ပြီး တင်းနေအောင်ဖက်ထားလိုက်တယ်။

"နိုးလာပေးလို့ကျေးဇူးတင်ပါတယ်အရမ်းစိတ်ပူနေခဲ့တာ မင်းတစ်ခုခုဖြစ်သွားမှာကြောက်နေခဲ့တာ..."

"ခဏ...အ...အသက်ရှုကြပ်နေပြီ"

"အော် ဆောရီး ဆောရီး ငါအရမ်း၀မ်းသာသွားလို့ အဆင်ပြေရဲ့လား"

"..... ဒါနဲ့ငါကဘာလို့အသက်ရှင်နေသေးတာလဲ"

"ဘယ်လိုပြောလိုက်တာလဲhyungwonရဲ့ မင်းကအသက်ရှင်နေရမှာလေ မင်းသိလား အခုပြဿနာတွေအားလုံးရှင်းသွားပြီ အကုန်အဆင်ပြေသွားပြီ"

"ဘယ်လို?"

"မင်းသတိမေ့နေတုန်းက မင်းအမေရောက်လာတယ်"

"ဟမ်! ငါ့အမေ ငါ့အမေရောက်လာတယ်?"

"ဟုတ်တယ် မင်းအမေအထင်လွဲနေတာတွေ ငါအကုန်ရှင်းပြပြီးတောင်းပန်ပြီးသွားပြီ"

"တကယ်လား ဘာ‌ေတွပြောသွားတာလဲ အမေငါ့ကိုခွင့်လွှတ်တယ်မှတ်လားဟင်"

"မင်းမှာဘာအမှားမှမရှိတာ ဘာကိုခွင့်လွှတ်ရမှာလဲ"

"ဒါပေမဲ့အမေကငါ့ကိုအထင်လွဲနေတာလေ"

"အဲ့တာတွေစိတ်မပူပါနဲ့ငါအကုန်လုံးရှင်းပြပြီးပြီမို့လို့ မင်းအပေါ်အမြင်အားလုံးရှင်းသွားပြီ"

"၀မ်းသာလိုက်တာ ဒါအိမ်မက္မက္နေတာမဟုတ်ပါဘူးနော် ငါအမေ့ကိုတွေ့ချင်တယ်"

You are Mine (Complete)Where stories live. Discover now