သူငယ်ချင်း (U)

8.4K 602 344
                                    

2012 ခုနှစ်၊ TTU (သန်လျင်) ကျောင်းသင်္ကြန်ပွဲ

ရေတွေနစ်နေသောတီရှပ်ကိုခေါင်းကနေလှန်ကာဆွဲချွတ်လိုက်ကာညှစ်ချလိုက်ပြီးမှ လည်ပင်းနှင့်ခန္ဓာကိုယ်ပေါ်တွင်ရှိသောရေစက်ရေမှုန်များကို ကုန်စင်သွားအောင်ပွတ်သပ်လိုက်ရပြန်၏။

ကျောပိုးအိတ်ထဲတွင်မမေ့မလျော့ထည့်ယူလာခဲ့သော မေဂျာတီရှပ်အဖြူတစ်ထည်ကိုပြောင်းလဲဝတ်ဆင်လိုက်ပြီးမှ ပုဆိုးစိုကိုချွတ်​ပြီး ဂျင်းပန်တစ်ထည်နှင့်ပြောင်းဝတ်လိုက်သည်။

ယနေ့မှာ TTUကျောင်း၏မေဂျာပေါင်းစုံကျောင်းသင်္ကြန်ပွဲနေ့ဖြစ်ခြင်းကြောင့် တစ်ကျောင်းလုံးဆူညံပွက်လောရိုက်ရင်းမြူးတူးပျော်ပါးနေကြသည်မှာစိတ်လွတ်ကိုယ်လွတ်။

ငှားရမ်းထားသော Music Band အဖွဲ့နှင့်ကိုမိုက်ခဲ, မမိုက်ခဲများလည်းရှိနေကြသလို ရေစိုစိုနှင့်ဒွန့်နေကြသူတို့ကလည်းမနည်းမနော။

ဆိုဖို့လည်းစိတ်မပါ 'က'ရန်လည်းစိတ်မဝင်စားတဲ့ကျွန်တော်တို့လိုလူအနည်းစုကတော့ လူရှင်းနေသည့်စာသင်ခန်းတစ်ခုထဲတွင် ဒိုင်လျှိုလေးနှင့်သောက်စားလို့နောက်ဆုံးနှစ်ဆိုသည့်အချိန်အခါလေးကို လွတ်လွတ်လပ်လပ်ဖြတ်သန်းနေဖြစ်ကြ၏။

မေဂျာတူသူငယ်ချင်းတစ်စုနှင့်ဘီယာစုသောက်နေရင်း ကျောင်းကန်တင်းမှာအမြည်းအတွက်ဖွယ်ဖွယ်ရာရာလေးသွားဝယ်ရာလမ်းတွင် တွေ့သမျှလူတွေရဲ့ရေလောင်းလိုက်ခြင်းကြောင့်လူလည်းရွှဲရွှဲစိုခဲ့ရ၏။

ခြောက်သွေ့သောအဝတ်ကိုလဲလှယ်လိုက်ပြီးမှ ခပ်လှမ်းလှမ်းတွင်ဝိုင်းဖွဲ့သောက်စားနေသောလူတစ်စုရှိရာဆီလှမ်းလာခဲ့ရင်း စားပွဲအလယ်တွင်စုပုံတင်ထားသေားဗူးပေါင်းများစွာထဲက Tiger Can တစ်ဗူးကိုဆွဲယူဖွင့်ဖောက်ကာမော့သောက်လိုက်ရင်း ခုံတန်းအစွန်တွင်ဝင်ထိုင်လိုက်ချိန်...။

"ဟန်လေး...မင်းကဘီယာပဲလား၊ ဒီမှာ Grand ရှိတယ်လေကွာ"

ဖြိုးမာန်က Grand အပြာပုလင်းကိုထောင်ပြကာအပြင်းကိုင်ဖို့ပြောလာပေမယ့် ခေါင်းကိုရမ်းပြလိုက်ရင်း...။

သူငယ်ချင်း...ချစ်သူWhere stories live. Discover now