မိတ္ဆက္

1.4K 60 1
                                    

Unicode

ရဲသင်တန်းကျောင်းရဲ့ စံပြကျောင်းသူတစ်ဦးဖြစ်သည့် ထျန်ပင်း နောက်၅မိနစ်နေလျှင် ဂုဏ်ပြုသင်တန်းဆင်းလက်မှတ်တက်ယူရတော့မည်။စိတ်လှုပ်ရှားနေသော်လည်း ထုံးစံအတိုင်း သူမ၏အေးစက်စက်မျက်နှာတွင် မည်သည့်အရိပ်မယောင်မှမပေါ်ချေ။

ဤသို့ဖြင့်
နောက် ၄မိနစ်...၃မိနစ်...၂မိနစ်...၁မိနစ်
နောက်ဆုံး ရဲမှူးကြီးထံမှ သူမနာမည်ခေါ်သံကြားလိုက်ရသည်။

"အမှတ်စဉ် ၁၂ ထျန်ပင်း..."

သို့သော် ရဲမှူးကြီး၏စကားသံ မဆုံးမှီတွင် စင်မြင့်ပေါ်သို့ သွေးများပေကျံနေသောကုတ်အဖြူနှင့် လူတစ်ယောက်ပြေးတက်လာကာ ထိတ်လန့်ဖွယ် အသံစူးစူးကြီးဖြင့်

"ကမ္ဘာပျက်ပြီ!အားလုံးပြေး အပြင်မှာ
Zombieတွေအများကြီး..."

ဟုအော်ကာ စကားအဆုံးမသတ်ခင်မှာတင် လဲကျသွားသည်။ချက်ခြင်းဆိုသလိုပင် ဟောခန်းမထဲသို့ zombieလှိုင်းကြီး အလုံးအရင်းဝင်ရောက်လာကာ အော်သံများ သေနတ်သံများဖြင့် ဝရုန်းသုန်းကား ဆူညံနေတော့သည်။

ထျန်ပင်းတစ်ယောက်သာ ထောင့်တစ်နေရာတွင် မျက်ခုံးများစုကျုံ့၍ သူ့အကျင့်အတိုင်းအတွေးထဲနစ်မျောနေလေသည်။
' Zombieက နေရင်းထိုင်ရင်း ဘယ်ကရောက်လာတာလဲ...မနေ့ကတောင် အားလုံးအဆင်ပြေနေပြီး ဘာလို့ ဒီနေ့မှလဲ'
သူတွေးလို့ မပြီးသေးခင်မှာပင် အရှေ့တည့်တည့်သို့ zombie ၃ကောင် တွန့်လိမ်ပြီး ပြေးဝင်လာရာ ထျန်ပင်းလည်း အလိုအလျောက်ပင် ခါးကြားမှသေနတ်ဆွဲထုတ်၍ ဆက်တိုက်ဆိုသလို ခေါင်းသို့ပစ်လိုက်လေသည်။သူ မထင်ထားသည်မှာ ခေါင်းထိပြီး ဦးနှောက်များတွဲကျနေသည့်zombieတွေက ဘာမှမဖြစ်တဲ့အလား ပြေးတဲ့ အရှိန်တောင် ပိုမြန်လာခြင်းဖြစ်သည်။ထျန်ပင်း မျက်နှာလည်း ချက်ခြင်း ဖြူလျော်သွားကာ တစ်သက်နဲ့တစ်ကိုယ် အသံထွက်ဆဲမိတော့သည်။

" F**k!!!ဒါတွေကzombie...ငါ့ကို လာမလိမ်နဲ့ သူတို့က သောက်ကျိုးနည်းOPတွေဟ "

မကြာမီပင် ထျန်ပင်း၏အမြင်တစ်ခုလုံး အမှောင်ကျသွားတော့သည်။

စာရေးသူမှာပြောစရာရှိတယ်

ထျန်ပင်း : " ဒီဇာတ်လမ်းက ငါဖတ်ထားတာနဲ့ အလွဲကြီးလွဲနေပြီ ဇာတ်ကောင်တွေကလည်းမူမမှန်သလိုဘဲ "

ဒီကမ္ဘာက အပေါက်တွေချည်းဘဲ(This World Has Many Holes)Nơi câu chuyện tồn tại. Hãy khám phá bây giờ