အပိုင္း ၄ က်ဴအို(Q O)

204 26 0
                                    

Unicode

(# နောက်ပိုင်း အခြေခံအချက်တွေထည့်ရေးနေရင် ဇာတ်လမ်းက ရှေ့မရောက်မှာစိုးလို့  သီးသန့်ခွဲထုတ်လိုက်တာ။တချို့ အရေးကြီးတာတွေကိုတော့ ကြားညှပ်ပြီးရေးသွားမှာပါ။)

ဒီကမ္ဘာက ' ကျူအို (Q O)'လို့ ခေါ်တဲ့ ဂြိုလ်ဖြစ်ပြီး နယ်မြေအားဖြင့် အပိုင်း၅ပိုင်းခွဲထားတယ်။ ဗဟိုအချက်အချာဖြစ်သော အလယ်ပိုင်းဒေသတစ်ခုလုံးက Y cityဖြစ်ပြီး အရင်းအမြစ်အထူထပ်ဆုံး ပထမတန်းစား မြို့လည်းဖြစ်တယ်။Y cityရှိ ကလန်များအားလုံးကိုလည်း ပထမတန်းစားကလန်တွေလို့ သတ်မှတ်ထားတယ်။

Y cityမှာ သက်ဆိုင်ရာအလိုက်အင်အားအကြီးဆုံးကလန်တွေဖြစ်ကြသည့်  သားရဲဝိညာဉ်ကလန် ၁ ခု / မှော်ကလန် ၁ ခု / နတ်ဆိုးကလန် ၁ခု / နတ်သူငယ်ကလန် ၁ခု နှင့် အိုင်အက်စ် အဖွဲ့အစည်း ၁ခု ရှိပြီး ၄င်းအုပ်စု ၅ခုဖြင့် ငြိမ်းချမ်းရေးမျှချေကိုထိန်းထားတယ်။

Y cityတွင် လူသား / သားရဲဝိဥာဉ်သခင်/နတ်သူငယ်/နတ်ဆိုး/မှော်ဆရာ စသည်ဖြင့် အားလုံးမြင်တွေ့နိုင်တယ်။ Y cityရှိ ' God's Land'ကျောင်းတော်က ကျူအို(Q O)တစ်ခုလုံးတွင် အဆင့်မြင့်ဆုံး စွမ်းအားလေ့ကျင့်ရေး သင်တန်းကျောင်းဖြစ်ပြီး သတ်မှတ်ချက်သာပြည့်မှီပါက မည်သူမဆို လာရောက် ဝင်ခွင့်ဖြေဆိုနိုင်တယ်။

ကျူအို( Q O)ရဲ့ ဗဟိုက Y city ဖြစ်ကာ
အရှေ့ဘက်မှာ နတ်သူငယ်တောအုပ်
အနောက်ဘက်မှာ နတ်ဆိုးနယ်မြေ
တောင်ဘက်မှာ S city
မြောက်ဘက်မှာ N city  ဆိုပြီးရှိတယ်။
(# မှတ်ရလွယ်ပါတယ်)

အရှေ့ဘက်ရှိ နတ်သူငယ်တောအုပ်က ကျူအို ရဲ့နယ်မြေ၅ခုမှာ လျို့ဝှက်ဆန်းကြယ်ဆုံးနေရာဖြစ်တယ်။နတ်သူငယ်တောအုပ်သည် အမြဲတစေမြူများဆိုင်းနေတတ်ပြီး ဝင်ရောက်ရန်လည်းမြေပုံလိုအပ်တယ်။

ကောလဟာလတွေအရ နတ်သူငယ်တောအုပ်က အတားအစည်းသည် အရှင်ဖြစ်ပြီး ပုံစံပြောင်းလေ့ရှိလို့ မြေပုံလည်း ၅နှစ်တစ်ကြိမ်ပြောင်းတယ်။

အထူးဆန်းဆုံးအချက်က တောအုပ်အတွင်းပိုင်းကို ရောက်ဖူးသူများရှိသော်လည်း ဖုံးကွယ်အစီအရင်ကြောင့် နတ်သူငယ်များ၏နေအိမ်ကို မြင်ဖူးသူ မရှိသလောက်ဖြစ်တယ်။အဲ့ဒါကြောင့် နတ်သူငယ်တွေ ဘယ်လိုနေလဲဆိုတာက လူအများ ဆွေးနွေးစရာ ပဟေဋ္ဌိတစ်ခုဖြစ်နေတော့တယ်။

ဒီကမ္ဘာက အပေါက်တွေချည်းဘဲ(This World Has Many Holes)Donde viven las historias. Descúbrelo ahora