အပိုင်း ၁ ထျန်ပင်း

548 44 0
                                    

Unicode

ထျန်ပင်းသည် မူလ သူနေထိုင်ခဲ့သောကမ္ဘာတွင် အေးစက်စက်မျက်နှာထားနှင့်  စကားနည်းတဲ့ ရဲသင်တန်းကျောင်းမှစံပြကျောင်းသူတစ်ဦးဖြစ်သည်။

စံပြကျောင်းသူဟုခေါ်ဆိုရခြင်း အကြောင်းမှာ အပတ်စဉ် မိန်းကလေး ကိုယ်ခံပညာ အကဲဖြတ်မှတ်တမ်း၌ ထိပ်ဆုံးက မဆင်းဖူး၍ဖြစ်သည်။သို့သော် ကိုယ်ခံပညာကလွဲလျှင် အခြားသင်တန်းသူများနှင့် သူမသာကိုယ်မသာပင်။

ရင်းနှီးသောသူငယ်ချင်းများကြားတွင် 'မျက်နှာသေ'ဟူသော နာမည်ပြောင်ရထားပြီး အားသာချက်က စိတ်ထဲမှာ ပေါက်ကရတွေးနေရင်တောင် မျက်နှာမှာမပေါ်ခြင်းပင်။ အတိအကျဆိုရသော် မဖော်ပြတတ်ခြင်းသာ ဖြစ်ပေသည်။

ထျန်ပင်းသည် တသီးတခြားနေတတ်သည့်အပြင် အမြဲတည်နေတတ်တဲ့မျက်နှာအမူအရာကြောင့် မိသားစုနှင့် သူငယ်ချင်းအရင်းကြီးများမှလွဲ၍ အပြင်လူများအမြင်တွင်တော့ မာနကြီးဘဝင်မြင့်နေသူပင်ဖြစ်လေသည်။

တစ်ခါတစ်ရံ သူနှင့်ရင်းနှီးသူများကို ရုပ်တည်ကြီးနှင့် စနောက်တတ်သည့် အကျင့်ရှိသည်။ထျန်ပင်း၏ အကြီးမားဆုံးလျို့ဝှက်ချက်ကို ပြောပါဆိုလျှင် online ဝတ္ထုကိုအလွန်အကျူး စွဲလန်းနေခြင်း ဖြစ်သည်။onlineဝတ္ထုဆိုလျှင် မည်သည့်အမျိုးအစားမဆို  အကုန်ဖတ်သည်။ နေ့မအိပ် ညမအိပ် မစားမသောက်ဘဲ တနေကုန် ဖတ်နိုင်ပြီး ပါဝါမျက်မှန်မတပ်ရသေးသဖြင့် အဆိုးထဲက အကောင်းဟုဆိုနိုင်ပေသည်။

ထျန်ပင်းသည် ရဲသင်တန်းကျောင်းရဲ့ ဂုဏ်ပြုသင်တန်းဆင်းလက်မှတ်ပေးအပ်မည့်နေ့မှာ မဆီလျော်သည့် ကမ္ဘာပျက်ကပ်နှင့်ရင်ဆိုင်ရပြီး သူမ ဖတ်နေကျဝတ္ထုတွေထဲကလို စွမ်းရည်တောင်မနိုးထခင် စောစောစီးစီးကြွသွားခဲ့ခြင်းဖြစ်သည်။

× × × × × × × × × × × × × × × × × × × × × ×

ထျန်ပင်းမျက်လုံးဖွင့်လိုက်သည့်အချိန်တွင်
သူမပတ်ပတ်လည်၌ သူ့နေရာနှင့်သူ စီတန်းထားသောကဗျည်းတိုင်များကို မြင်လိုက်လေရာ ချက်ခြင်းဆိုသလို ထိုကဗျည်းတိုင်တွေပေါ်မှာ သူမနာမည်ပါနေမလားလို့ အာရုံစိုက်ကာ ကြည့်လိုက်သည်။ ကဗျည်းတိုင်များပေါ်တွင် ထျန်မျိုးရိုးအမည်များသာဖြစ်သော်လည်း သူမနာမည်'ထျန်ပင်း'ဆိုသည်ကို မတွေ့တော့မှ စိတ်ချသွားဟန် သက်ပြင်းချနိုင်တော့သည်။

ဒီကမ္ဘာက အပေါက်တွေချည်းဘဲ(This World Has Many Holes)Kde žijí příběhy. Začni objevovat