အပိုင်း ၆ Y cityသို့ရောက်ရှိခြင်း

184 32 0
                                    

Unicode

ထျန်ကျင်း သည် ထျန်အိမ်တော်ရဲ့ အမွေဆက်ခံသူ  ဆိုးသွမ်းတဲ့ school boss တစ်ယောက်ဖြစ်သည်။မူလဝတ္ထုတွင် ဇာတ်လိုက်မ(male)သည် သူ့ရဲ့သားကောင်များထဲမှ တစ်ဦးဖြစ်ခဲ့၏။

ထျန်ကျင်း၏ အကျင့်စရိုက်အရ ဆိုးပေမယ့် မယုတ်မာတတ် ဥာဏ်ကောင်းသော်လည်း နောက်ကွယ်မှာအကြံအစည်နဲ့ချောက်တွန်းတာမျိုးလုပ်ရမှာ ပျင်းလွန်းလှသဖြင့် ဗြောင်ကျကျပင် ပြသာနာများကို လက်သီးနဲ့သာဖြေရှင်းလေ့ရှိသည်။

ထိုအချက်ကြောင့်ပင် မူလဝတ္ထု၌ ဇာတ်လိုက်၏ အရင်ဆုံးရှင်းလင်းခြင်းကို ခံရသော အမှိုက်တစ်စ ဖြစ်ခဲ့ပြီး ကျောင်းပါ ထွက်လိုက်ရသည်။ထို့နောက် လုံးဝပျောက်သွားကာ နှစ်အနည်းငယ်အကြာမှ နတ်ဆိုးနယ်မြေ၌ ပြန်ပေါ်လာခြင်းပင်။

ထျန်ကျင်း၏ မျက်နှာအသွင်အပြင်မှာ ထျန်ပင်းနှင့် အတော်တူသည်။ကွဲပြားချက်က သူ့မျက်နှာပေါ်မှာ ပုံသေတပ်ဆင်ထားသည့် ခနဲ့တဲ့တဲ့ လှောင်ပြုံးနှင့် ဘယ်ဘက်ပါးပေါ်က ပါးချိုင့်ကလေးပင်။

ထျန်ပင်းနှင့်ခြားနားစွာပင် jawlineအရ ယောက်ျားဆန်ကာ တော်တော်လေး ချောမောသည့်ထဲတွင် ပါဝင်သည်။သူ့မျက်ဝန်းတစ်စုံမှာ ထျန်ပင်းကဲ့သို့အညိုရောင်တောက်တောက်ကလေးများဖြစ်သော်လည်း အကြည့်ကတော့ အလွန်ကွဲပြားသည်။

ထျန်ကျင်းသည် အသက်၁၄နှစ်အရွယ်တွင် သားရဲဝိညာဉ်နိုးထလာကာ ၁၅နှစ်မှာ Y cityရှိ အဆင့်မြင့်'God's Land' ကျောင်းတော်သို့ထွက်သွားပြီး ယနေ့ထိတိုင်တစ်ခေါက်မှအိမ်ပြန်မလာခဲ့သော်လည်း S cityရှိသူ့မိသားစုဝင်များနှင့်တော့ အမြဲအဆက်အသွယ်ရှိသည်။

သူ့ရဲ့ ကျောင်းက မကောင်းသတင်းတွေကတော့ အိမ်ကိုပြန်မရောက်ခဲ့ချေ။ဤသည်မှာလည်း ထျန်အိမ်တော် လူငယ်မျိုးဆက်တွေရဲ့စည်းလုံးမှုကြောင့်ပင်။ထျန်အိမ်တော်မှလူငယ်များသည် တခြားအိမ်တော်များမှ မျိုးဆက်သစ်များကဲ့သို့ စိတ်ဝမ်းကွဲကာ မနာလိုခြင်းများမရှိကြပေ။

ထျန်ကျင်းသည် ထျန်အိမ်တော်၏သမိုင်းတစ်လျောက် တည်ထောင်သည့်ဘိုးဘေးကလွဲ၍ ပါရမီအရှိဆုံးမျိုးဆက်ပင်။ထို့ကြောင့်အချိန်တန်လျှင် ပင်မမိသားစုခေါင်းဆောင်ဖြစ်မည်ဟု လျာထားခြင်းခံရသူဖြစ်သည့်အလျောက် ထျန်အိမ်တော်မှ လူများအားလုံးသည်လည်း သူတို့မိသားစုတိုးတက်ရေးအတွက် ကန့်ကွက်ခြင်း အလျင်းမရှိ။

ဒီကမ္ဘာက အပေါက်တွေချည်းဘဲ(This World Has Many Holes)Место, где живут истории. Откройте их для себя