System 090 က host ယိကျိုး နဲ့ပြောရင် {...}
System 090 တွေးတာဆိုရင် (...)
Host ယိကျိုး က system နဲ့ပြောရင် '...'
Host ယိကျိုး တွေးတာဆိုရင် «...»
စကားပြောရင် “...”
အခြားသူတွေတွေးရင် *...*
------------------------------------------
{ Good morning ပါ host }' Morning '
{host ဒီနေ့ ဇာတ်လိုက်တို့ဆီသွားမှာလား}
'အင်း နဂို ဇာတ်ကြောင်းမှာ ဒီနေ့ကဘယ်လိုဖြစ်သွားတာလဲဆိုတာ ပြောပြဦး'
{ဟုတ်ကဲ့ပါ host ဒီနေ့က ဇာတ်လိုက်နဲ့ဇာတ်လိုက်မ ပထမဆုံးစတွေ့မယ့်နေ့ပါ ဇာတ်လိုက်မ နဂိုကကြံစည်ထားတာက ဇာတ်လိုက်ငယ်ချစ်ဦးနဲ့ သူနဲ့က shopping mall ကို အတူတူသွားမယ် ပြီးရင် ဇာတ်လိုက်ရောက်လာတဲ့အချိန်မှာ ဇာတ်လိုက်ငယ်ချစ်ဦးက သူ့ကိုအနိုင်ကျင့်သလိုလုပ်မယ် သူကတော့ သူငယ်ချင်းကိုအရမ်းချစ်ပြီး သည်းခံတဲ့ဖြူစင်ရိုးသားသူလေးအနေနဲ့ စမြှူစွယ်ဖို့စီစဉ်ထားတာပါ}
'စီစဉ်ထားတာဆိုတော့ မလုပ်ဖြစ်ဘူးလား'
{ဟုတ် အဲ့လို မလုပ်ဖြစ်ပါဘူး အဲ့လိုလုပ်ရင် ဇာတ်လိုက်က သူ့ငယ်ချစ်ဦးကိုတွေ့ပြီးပြန်ကြိုက်သွားမှာစိုးလို့ပါ ပြီးတော့ ဇာတ်လိုက်က ပျော့ညံ့တဲ့သူတွေ မကြိုက်ဘူးလို့ကြားလို့ပါ အဲ့ဒါကြောင့် ဇာတ်လိုက်ကို ဝင်တိုက်တဲ့အစီအစဉ်ဘက် ပြောင်းလိုက်တာ ဇာတ်လိုက်ကို နောက်ကျောပေးပြီးဖြတ်လျှောက်တာမှာ ဇာတ်လိုက်ကဝင်တိုက်မိပြီး နှစ်ယောက်လုံးလဲတာ အဲ့မှာ ဇာတ်လိုက်က ဇာတ်လိုက်မကို သူ့ကိုအရင်ကလို လာကပ်တဲ့မိန်းကလေးတွေလိုထင်ပြီး ထူမပေးဘူး ဇာတ်လိုက်မက သူ့ကိုဝင်တိုက်ပြီးထူမပေးလို့ဆိုပြီး ဇာတ်လိုက်ကိုအပြစ်ပြောတာ ဇာတ်လိုက်က သူ့နောက်လိုက်တွေထဲကတစ်ယောက်ကို သွားထူပေးခိုင်းလိုက်တော့ ဇာတ်လိုက်မက ဝင်တိုက်တဲ့သူကထူမပေးပဲ တခြားသူကထူပေးတယ် အံ့ဩစရာပဲ ဘာပဲ ပြောပြီး ခြေထောက်နာနေတာတောင်ကူညီမပေးခိုင်းတော့ပဲ ထော့နဲ့ထော့နဲ့ပုံစံနဲ့ ထွက်သွားတဲ့အချိန်မှာ ဇာတ်လိုက်ကစစိတ်ဝင်စားသွားတာ စုံစမ်းတာတွေတော့ မလုပ်ဘူး နောက်တစ်ခေါက်မှလုပ်တာ}(ဟူး မောလိုက်တာ host အမြင်ကြည်အောင်လို့ အများကြီးပြောလိုက်တာ တော်တော်မောတာပဲ)
YOU ARE READING
Rezero System
Fanfictionပထမဆုံးစရေးတာပါ system fic တွေကိုသဘောကျလွန်းလို့ရေးဖြစ်တာပါ ကောင်လေးတစ်ယောက်နောင်တတွေနဲ့သေဆုံးပြီးနောက် အခွင့်အရေးရလာတဲ့အခါ သူ့မူလဘဝကရန်သူနဲ့ပြန်တွေ့ရင်း ဘယ်လိုပြဿနာလေးတွေကြုံတွေ့လာရမလဲ Someone-"bae ကကျွန်တော့်ကိုမုန်းတယ်တဲ့" ယိကျိုး-"ငါ့ကိုသတ်တဲ့သူ...