ရှုမင်-"အပြစ်ပေးအခန်း...? အပြစ်ပေးအခန်းဆိုတာဘာကိုပြောတာလဲ ကျွန်တော်တို့ဘာလုပ်လိုက်လို့လဲ"
ယိကျိုး-"မင်အာ.. စိတ်မပူပါနဲ့ မင်အာကဘာမှလုပ်တာမှမဟုတ်တာ အပြစ်ပေးခံရစရာလား "
ရှုမင်-*အခုချိန်ထိနားမလည်နိုင်သေးဘူး ငါစဝင်ဝင်ချင်းချောလို့ဆိုပြီးငေးမိသွားတဲ့သူခိုးက လေးလေးကျိုးရဲ့တူတဲ့ ဒါဆို အဲ့သူခိုး အဟမ်း.. အဲ့အကိုအချောကြီးက ငါတစ်ချိန်က အရမ်းသဘောကျမိခဲ့တဲ့ ကိုကိုပေါ့ အင်း... အခုထိလည်းသဘောကျနေသေးပါတယ်လေ *
*အဲ့တာတွေနောက်မှဆက်စဉ်းစားတော့မယ် အခုလက်ရှိမှာအရေးကြီးတာက ကိုကိုက ဘာလုပ်မိလို့အပြစ်ပေးခံရမှာလဲဆိုတာပဲ *
*လုံးဝနားမလည်နိုင်ဘူး လေးလေးကျိုးလို ကြင်နာတတ်တဲ့သူက (အခုလက်ရှိမှာတော့ကြောက်ဖို့ကောင်းနေပေမယ့်ပေါ့...) ဘာလို့အပြစ်ပေးမှာလဲဆိုတာ ဘာမှလည်းမလုပ်မိပဲနဲ့လေ ဒါမှမဟုတ် လေးလေးကျိုးက ရန်ဖြစ်တာမကြိုက်လို့များလား စောစောက ဒီလိုမှန်းသိရင် ကိုကိုနဲ့ရန်မဖြစ်ခဲ့ပါဘူး *
ရှုမင်-"လေးလေးကျိုး ကိုကိုက မင်အာနဲ့စောနက ရန်ဖြစ်လို့အပြစ်ပေးခံရမှာလား လေးလေးကျိုးကရန်ဖြစ်တာမကြိုက်လို့လားဟင်... နောက်ကျမင်အာတို့ ရန်မဖြစ်တော့ဘူးလေ နော်.... "
ဖေးရန်-"ဟိတ်ကောင်လေး မင်းကဘယ်သူမလို့ ငါ့ကို ကိုကိုလို့လာခေါ်နေရတာလဲ အဲ့လို ငါနဲ့ရင်းနှီးနေသလိုပုံစံမျိုး မလုပ်နဲ့ ငါမကြိုက်ဘူး ပြီးတော့ ငါ့ကိုရင်းနှီးသလိုလာလုပ်တဲ့သူတွေကို အရမ်းရွံ့တယ် "
*စတွေ့တွေ့ချင်းမှာငေးလိုက်မိတာကိုတောင် ကိုယ့်ကိုကိုယ်ပြန်မုန်းလာပြီ ဒီလိုလူမျိုးလို့မထင်လို့ငေးလိုက်မိတာ လက်စသတ်တော့ သူလည်းအခြားသူတွေနဲ့အတူတူပါပဲ *
ယိကျိုး-"ဖေးရန်!! မင်း.. မင်အာကို ဘယ်လိုပြောလိုက်တာလဲ "
ဖေးရန်-*နားမလည်တော့ဘူး ဘာလို့ ဦးလေးက ဒီကောင်လေးအတွက်နဲ့ စိတ်ဆိုးနေတာလဲဆိုတာ *
ရှုမင်-*ကို.. ကိုကို.. က.. င.. ငါ့.. ကို.. ရွံ့.. ရွံ့တယ်လို့.. အ.. အခု.. ပြောလိုက်.. တာ.. လား.. မ.. မဖြစ်နိုင်ပါဘူးနော်.. ဟုတ်တယ်မလား.. *
ESTÁS LEYENDO
Rezero System
Fanficပထမဆုံးစရေးတာပါ system fic တွေကိုသဘောကျလွန်းလို့ရေးဖြစ်တာပါ ကောင်လေးတစ်ယောက်နောင်တတွေနဲ့သေဆုံးပြီးနောက် အခွင့်အရေးရလာတဲ့အခါ သူ့မူလဘဝကရန်သူနဲ့ပြန်တွေ့ရင်း ဘယ်လိုပြဿနာလေးတွေကြုံတွေ့လာရမလဲ Someone-"bae ကကျွန်တော့်ကိုမုန်းတယ်တဲ့" ယိကျိုး-"ငါ့ကိုသတ်တဲ့သူ...