ချန်ဖေးရန် pro
ငါဒီနေ့ ငါပိုင်တဲ့ mall တွေထဲကတစ်ခုကို စစ်ဆေးနေတဲ့အချိန်မှာ ကောင်မလေးတစ်ယောက်နဲ့ သွားပြီးတိုက်မိတယ် ငါလည်းထွေထွေထူးထူးတော့တွေးမနေပါဘူး ဘာလို့ဆို အရင်တုန်းကလည်းအဲလိုပဲမိန်းကလေးတွေအများကြီး ငါနဲ့ဝင်တိုက်ပြီး ဇာတ်လမ်းဆင်ဖို့ခဏခဏ ကြိုးစားကြလို့ ကြွားတယ်လို့တော့မထင်နဲ့ ငါ့အိပ်ယာပေါ်ကိုတက်ချင်နေကြတဲ့သူတွေတစ်ပုံကြီးပဲ တစ်ကယ်ပြောတာ
ဒါနဲ့ ဒီတစ်ယောက်ကတော့တမျိုးကွဲထွက်နေတာအမှန်ပဲ ငါ့ကိုတောင်သူကို့မထူပေးလို့တဲ့ အော်သွားသေးတယ် ဒါကငါ့စိတ်ဝင်စားမှုကိုလိုချင်လို့ ဖန်တီးထားတဲ့ နည်းလမ်းအသစ်ဖြစ်ချင်ဖြစ်မှာပေါ့ ဒါဆိုရင်တော့ထိရောက်သွားပြီ စိတ်ဝင်စားစရာကောင်းသားပဲ
နဂိုကတော့အဲ့တာကိုနည်းနည်းစိတ်ဝင်စားသွားမိပေမယ့် အံ့ဩလွန်းလို့ အဲ့အကြောင်းကိုမေ့တောင်သွားတယ် ငါဘာတွေ့လိုက်တယ်ထင်ကြလို့လဲ ငါဒီကအပြန်ဦးလေးဆီသွားမလို့လုပ်ထားတာ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဦးလေးကို mall ကအထွက်မှာတွေ့လိုက်ရတယ် အပြင်သိပ်မထွက်တဲ့ငါ့ဦးလေးက အပြင်ထွက်နေတယ်ဆိုတော့ ထူးဆန်းတာပေါ့ ပိုပြီးထူးဆန်းတာက ဘေးမှာကောင်လေးတစ်ယောက်ပါနေတဲ့အပြင် ဦးလေးကပြုံးနေတာပဲ နေတွေဘာတွေများအနောက်အရပ်ကထွက်လာမလားမသိဘူး အဲဒါကြောင့်ပဲ ငါ ဒီနေ့ဦးလေးအိမ်ကိုသွားမဲ့အချိန်ထက် စောပြီး ထွက်လာခဲ့လိုက်တယ်
ငါရောက်တဲ့အထိ ဦးလေးတို့ကပြန်မရောက်ကြသေးဘူး အဲ့တာနဲ့ငါလည်းဦးလေး ငါ့ကိုပေးထားတဲ့သော့နဲ့ဖွင့်ပြီးဝင်လာခဲ့လိုက်တယ် အထဲမှာထိုင်စောင့်နေရင်း ဦးလေးအိမ်ကမကြာသေးခင်ကမှအသစ်ဝယ်ထားပုံပေါ်တဲ့ ပန်းအိုးကိုကိုင်ကြည့်နေတဲ့အချိန် တံခါးဖွင့်တဲ့အသံကြားတာနဲ့ လှည့်ကြည့်လိုက်တော့
ဦးလေးနဲ့တွေ့ခဲ့တဲ့ကောင်လေးက လက်ထဲမှာအထုပ်တွေကိုင်ပြီးဝင်လာတယ် အခုမှသေချာကြည့်မိတယ် ကောင်လေးရဲ့အရပ်ကသိပ်မရှည်ဘူး ပြီးတော့ အသားလေးကလည်းဖွေးဥနေတာပဲ မျက်လုံးလေးတွေကလည်း ဂလက်စီတစ်ခုကိုမြင်လိုက်ရတဲ့အတိုင်းပဲ တလက်လက်နဲ့ အရမ်းလှတယ် နှာတံလေးကလည်းအောက်ကိုဖြောင့်စင်းသွားပြီးတော့ နှာခေါင်းထိပ်ကကျတော့လုံးလုံးလေး နှုတ်ခမ်းလေးကလည်း မိန်းကလေးတွေလိုနှုတ်ခမ်းနီဆိုးမထား ဆေးမကူထားပဲနဲ့တောင် ရဲနေတာလေး သူ့ကိုမြင်သွားပြီးအံ့ဩနေတာလားမသိ ပါးစပ်လေးကဟနေတော့ အထဲကလျှာနီနီလေးနဲ့ အစွယ်လေးနှစ်ချောင်းကိုပါမြင်နေရတယ် ဆက်တော့မပြောတော့ဘူး ကောင်လေးရဲ့အလှကပြောပြရင်ပြီးတော့မှာကိုမဟုတ်တော့လို့
YOU ARE READING
Rezero System
Fanfictionပထမဆုံးစရေးတာပါ system fic တွေကိုသဘောကျလွန်းလို့ရေးဖြစ်တာပါ ကောင်လေးတစ်ယောက်နောင်တတွေနဲ့သေဆုံးပြီးနောက် အခွင့်အရေးရလာတဲ့အခါ သူ့မူလဘဝကရန်သူနဲ့ပြန်တွေ့ရင်း ဘယ်လိုပြဿနာလေးတွေကြုံတွေ့လာရမလဲ Someone-"bae ကကျွန်တော့်ကိုမုန်းတယ်တဲ့" ယိကျိုး-"ငါ့ကိုသတ်တဲ့သူ...