Part - 9

27.7K 1.6K 228
                                    

[ Unicode ]

H-Sean Group

"အာကာ သတင်းထောက်တွေရော ရှယ်ရာဝင်တွေရော အကုန်စုံပြီလား? "

"ဟုတ်ကဲ့ ကိုဟိန်း အားလုံးအဆင်သင့်ဖြစ်ပါပြီ
မိန့်ခွန်းပြောဖို့ပဲ့ ကျန်ပါတော့တယ်"

"အင်း"

အမည်းရောင် စင်းကြား Necktie နှင့်အတူ အပြာရောင် Suit အား သန့်ပြန့်စွာဝတ်ဆင်ထားလျက် မည်းနက်လှသော ဆံပင်တို့အား ဂျယ်ဖြင့်အနောက်သို့ လှန်တင်ထားကာ တည်ကြည်လှသော မျက်နှာပေါက်ဖြင့် ဦးမိုးမင်းဟိန်းခေါ် လူတစ်ဦး ခန်းမကြီးထဲသို့ ဝင်ရောက်လာသည်နှင့် သတင်းထောက်များ အလုအယက် ဓာတ်ပုံရိုက်ကြလေသည်။

"သတင်းထောက်များ စည်းကမ်းရှိပေးကြပါ
နေရာသေချာယူပေးကြပါဗျ "

အာကာ့အပြောကြောင့် သတင်းထောက်များလည်း ကိုယ့်နေရာကိုယ်ပြန်ထိုင်ကြပြီး Hall ခန်းမကြီးရဲ့ Main နေရာစင်မြင့်ပေါ်မှာ မိန့်ခွန်းပြောရန် နေရာယူလိုက်သူ ဦးဟိန်း ။

"ရှယ်ရာဝင်များ သတင်းထောက်များအားလုံး မင်္ဂလာပါ
ကျနော်က H-Sean Group ရဲ့ CEO မိုးမင်းဟိန်းပါ
ကျနော်ဒီနေ့အားလုံးကို ခေါ်ရတဲ့အကြောင်းအရင်းက CEO ဦးရာဇာရဲ့ Graim Fashion ကုမ္ပဏီကို ကျနော့်ဆီလွှဲပြောင်းပေးခဲ့ကြောင်းပါ"

ဩဇာအာဏာရှိစွာ ပြောလိုက်သည်နှင့် ခန်းမထဲရှိ လူများ အံ့ဩသွားကာ...

~ဟင် CEO ရာဇာက တစ်ကယ်ပဲ့လား~
~ဟုတ်ပါ့မလား ဦးရာဇာကသူ့လုပ်ငန်းကိုတော်တော်တန်ဖိုးထားတာ~
~ဟုတ်ပါ့ ငါတို့ထင်ထားတာ သူ့သားကြီးရတုပိုင်ကိုပေးမယ်ထင်ထားတာ~
~ဟင် CEO ဟိန်းကဘယ်လိုလုပ် Fashion Company ကို မျက်စိကျနေရတာလဲ~

*ဒိန်း*

စားပွဲအား လက်ဖြင့် ရိုက်ချလိုက်သော ဦးကြောင့် စင်အောက်မှ ဆူညံနေသော အသံများလည်း တကနဲတိတ်ကျသွားလေသည် ။

ထိုစဉ် သတင်းထောက်မလေးက ထ ၍

"CEO ရာဇာက တစ်ကယ်ပဲ့သူကုမ္ပဏီကိုလွှဲပြောင်းပေးခဲ့တယ်ဆိုရင် သူဘာလို့ဒီပွဲကိုမလာတာပါလဲ ပြီးတော့ CEO ဟိန်းမှာရော သက်သေရှိပါသလား"

Can You Turn All Your Hatred Into Love ?  🚨 CompletedWhere stories live. Discover now